12.10.2023 – 27th Week in Ordinary Time, Thursday
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်၊ ၂၇ ကြိမ်မြောက်သာမန်ကာလ၊ ကြာသပတေးနေ့
Luke 11:5-13 - ရှင်လုကာ - ၁၁:၅ -၁၃
Reflection by Sr. Mary Soe, SCCG
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ထောက်ရှုချက်*ဆုတောင်းခြင်းပြုရာတွင်စိတ်ရှည်သီးခံခြင်း၊ဇွဲလုံ့လရှိခြင်း၊အဆုံးတိုင် တည်ကြည်ခြင်း တို့ရှိရန်လိုအပ်ပါသည်။ ခရစ်တော်သခင်၏ လူ့ဘဝအသက်တာတစ်လျှောက်၌ ကိုယ်တော်ရှင်ကိုယုံကြည်ခြင်းကြီးစွာ တောင်းလျှောက်သောသူ၊ အဆက်မပြတ်အော်ဟစ်အကူအညီတောင်းခံသောသူ၊ မလျှော့သောဇွဲလုံ့လဖြင့် ကိုယ်တော်ရှင်ကိုချဉ်းကပ်သောသူတွေကို ကိုယ်တော်ရှင်ကပိုပြီးအလေးထားအသိအမှတ်ပြုပေး၊ဖြည့်စွက်ပေးတာကိုတွေ့ရသည်။ကျွန်ုပ်တို့သည်လည်းကိုယ်တော်ရှင်၏ အလိုတော်ကိုရှာဖွေပြီး ကိုယ်တော်ရှင်နှစ်သက်သောစိတ်နေစိတ်ထားဖြင့်ဆုတောင်းလျှင်ကိုယ်တော်ရှင်နားမညောင်းဘဲနေမည်မဟုတ်ပေ။