13.10.2023 – 27th Week in Ordinary Time, Friday
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်၊ ၂၇ ကြိမ်မြောက်သာမန်ကာလ၊ သောကြာနေ့
Luke 11:15-26 - ရှင်လုကာ ၁၁း ၁၅-၂၆
Reflection by Sr. Mary Soe, SCCG
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ထောက်ရှုချက်*သခင်ခရစ်တော်က“ငါ့ဘက်၌ မရှိသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုသိမ်းသောသူသည်ကြဲဖြန့်သူဖြစ်၏”ဟုမိန့်တော်မူခဲ့သည်။တစ်နည်းအားဖြင့်“ငါ့အား လက်ဝါးကပ်တိုင်ထမ်းရန်မကူညီသောသူသည်ငါ့အားအမှန်တကယ်ပင်ပို၍လေးလံစေသည်။ ငါနှင့်အတူ မလျှောက်လှမ်းသောသူ၊ ငါနှင့်အတူအလုပ်မလုပ်သောသူသည်အခြားသောသူ၏နောက်သို့လိုက်၍ငါ့နောက်သို့မလိုက်သောသူဖြစ်၏”ဟုဆိုလိုခြင်းဖြစ်၏။ မိမိကိုယ်ကိုမေးမြန်းကြပါစို့။ခရစ်တော်သခင်သည်ကျွန်ုပ်တို့အားလုံးအတွက်အသက်ကိုပင်ပေးခဲ့သည်။ဆင်းရဲသောသူ၊ငတ်မွတ်သောသူ၊အကူအညီလိုအပ်သောသူတွေပိုပြီးသင့်တင့်လျောက်ပတ်ပြီးပျော်ရွှင်စွာနေထိုင်နိုင်ဖို့ကျွန်ုပ်၏အချိန်၊ခွန်အား၊ငွေကြေးဥစ္စာအနည်းငယ်လောက်စတေးနိုင်ပြီလား။ကျွန်ုပ်သည် သခင်ခရစ်တော်၏အသင်းတော်အတွင်း၌အသင်းတော်၏တိုးတက်ရာတိုးတက်ကြောင်းစွမ်းစွမ်းတမံပါဝင်လုပ်ဆောင်နေလား။ကျွန်ုပ်သည်စုသိမ်းသူလား၊ကြဲဖြန့်သူလား။