14.10.2023 – 27th Week in Ordinary Time, Saturday
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်၊ ၂၇ ကြိမ်မြောက်သာမန်ကာလ၊စနေနေ့
Luke 11:27-28 - ရှင်လုကာ ၁၁း၂၇-၂၈
Reflection by Sr. Mary Soe, SCCG
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ထောက်ရှုချက်*လူအုပ်ကြားထဲကအမျိုးသမီးတစ်ဦးသည် သခင်ခရစ်တော်၏ ဉာဏ်ရည်ထက်မြက်မှု၊ပါးနပ်စွာပြောဆိုနိုင်မှုကိုတွေ့မြင်ပြီး ကိုယ်တော်ရှင်ကိုမွေးဖွားပေးသောမိခင်သည်မည်မျှမင်္ဂလာရှိကြောင်းထုတ်ဖော်ချီးမွမ်းခဲ့သည်။မယ်တော်သခင်မသည် အမှန်ပင်မင်္ဂလာရှိသောသူဖြစ်သည်။သို့သော်သခင်ခရစ်တော်ကပို၍ ရှင်းလင်းစွာ“မယ်တော်သခင်မကခရစ်တော်ကို မွေးဖွားပေလို့မင်္ဂလာရှိတယ်ဆိုတာထက်ဘုရားရှင်၏နှုတ်ကပါတ်တော်ကိုကြားနာပြီးစောင့်ရှောက်သောကြောင့်မင်္ဂလာရှိကြောင်း မိန့်တော်မူခဲ့သည်။ဤနည်းအားဖြင့် သခင်ခရစ်တော်ကဘုရားရှင်၏နှုတ်ကပါတ်တော်ကိုကြားနာပြီးလိုက်နာကျင့်ကြံသောသူမည်သူမဆိုမင်္ဂလာရှိကြောင်းပြောပြနေခြင်းဖြစ်သည်။နေ့စဉ်ကျွန်ုပ်တို့၏အတ္တ၊ရည်မှန်းချက်များနှင့်အိပ်မက်များကြောင့်ကိုယ်တော်ရှင်၏ အသံနှစ်မြုပ်တိမ်ကောမသွားရန်သတိပြုကြပါစို့။