15.10.2023 – 28th Week in Ordinary Time, Sunday
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်၊ ၂၈ ကြိမ်မြောက်သာမန်ကာလ၊ တနင်္ဂနွေနေ့
Mt. 22: 1 -14 - ရှင်မာတေးဦး ၂၂း၁-၁၄
Reflection by Sr. Mary Soe, SCCG
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ကျွန်ုပ်တို့တစ်တွေဟာ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာနှင့်ကောင်းမြတ်ခြင်းကြောင့် သန့်ရှင်းမြင့်မြတ်တဲ့ ဘုရားရဲ့သားသမီးများအဖြစ်သို့ရောက်ရှိလာကြပါသည်။ ဘုရားသားသမီးများ ဖြစ်လာသည်နှင့်အမျှ ဘုရားရဲ့စကားကိုနားထောင်ပြီးသူ့ရဲ့ချစ်ခြင်းမေတ္တာရင်ခွင်တော်ရဲ့အငွေ့အသက်ကို ခံစားရရှိကာ လုံခြုံနွေးထွေးတဲ့ အတောင်တော်အောက်မှာ ကျွန်ုပ်တို့တွေ ဆက်လက်အသက်ရှင်သန်ဖို့ ဘုရားသခင်အလိုတော်ရှိပါသည်။ဒီနေ့သမ္မာကျမ်းစာမှ ပါရှိတဲ့အတိုင်း ဘုရင်ကသူ့သားတော်ရဲ့ မင်္ဂလာပွဲသို့လာရောက်ဖို့ ဖိတ်ကြားခဲ့ပါသည်။ဒါပေမဲ့ လူတွေက ဘုရင်ရဲ့ဖိတ်ခေါ်ခြင်းကို လက်ခံရရှိသည့်အတိုင်း အလေးမထားဘဲ မိမိတို့စိတ်ဝင်စားစရာကိုသာ အားသန်ပြီးသွားကြခြင်းဖြင့်မင်္ဂလာဆောင်ပွဲကို ငြင်းပယ်ခဲ့ကြပါသည်။ ကျွန်ုပ်တို့တွင်လည်းထိုနည်း၎င်း မဖြစ်စေရန်သတိဆောင်၍ ကျွန်ုပ်တို့၏ ဝိညာဉ်ရှင်သန်ဖို့ရန်ဘုရားရှင်၏နေ့စဉ်ဖိတ်ခေါ်နေမှုကိုအချိန်ပေးအလေးထားကာ သူ၏စကားကို နားထောင်ခြင်းဖြင့် အချိန်တိုင်း ဘုရားသခင်ထံသို့ ပြန်လည်ဦးလှည့်ကာ သွားရောက်ရမှာဖြစ်ပါသည်။မင်္ဂလာဆောင်ပွဲမှာ အရသာရှိတဲ့ အစားအစာတွေတည်ခင်းထားသလိုဘဲ ကျွန်ုပ်တို့၏ ဝိညာဉ်ခွန်အားရရှိဖို့အစာအဟာရကိုပေးစွမ်းနိုင်တဲ့ ကိုယ်တော်မြတ်ကို ပင့်ယူသုံးဆောင်ဖို့ရန်မင်္ဂလာဆောင်အခန်းအနားနှင့်တူသော သန့်ရှင်းမြင့်မြတ်သော မစ္ဆားတရားတော်မြတ်မှာတတ်အားသမျှပါဝင်နိုင်အောင်ကြိုးစားရင်းဝိညာဉ်ခွန်အားများရယူကြပါစို့။လောကီရေးရာများကို တတ်နိုင်သမျှချန်လှပ်ထားပြီး ဘုရားရှင်ကိုအမြဲဦးစားပေးရွေးချယ်မှုပြုနိုင်အောင်လည်းဆုတောင်းကြပါစို့၊ကြိုးစားကြပါစို့။ အာမင်။