16.10.2023 – 28th Week in Ordinary Time, Monday
၂၀၂၃ စက်တင်ဘာလ ၁၆ ရက် (၂၈) ကြိမ်မြောက် သာမန်ကာလ တနင်္ဂလာနေ့
Lk. 11:29-32- ရှင်လုကာ 11:29-32
Reflection by Sr. Cecilia, SCCG
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကနေ့ ဖတ်ရှုကြားနာရမယ့် သမ္မာကျမ်းစာတော်မြတ်မှာသခင်ခရစ်တော်က ကောင်းကင်ကနိမိတ်လက္ခဏာတောင်းတဲ့ လူတွေကိုယောနရဲ့နမိတ်လက္ခဏာမှတပါး ပေးစရာမရှိလို့ပြောခဲ့တယ်သူတို့ကိုလည်းEvil Generationဆိုးညစ်သောလူမျိုးဆက်လို့ ခေါ်ထားတာဖြစ်တယ်။ဒီကျမ်းစာကိုထောက်ရှုစဉ်းစားမယ်ဆိုရင်သခင်ခရစ်တော်ကဤလူမျိုးဆက်ကိုနမိတ်လက္ခာထက် နောင်တယူပြောင်းလဲခြင်အသက်တာကိုပိုအာရုံထားစေချင်လို့ဖြစ်တယ်။ဒီကနေ့သခင်ခရစ်တော်ကိုကောင်းကင်ကနိမိတ်လက္ခဏာတောင်းတဲ့လူမျိုးဆက်တွေကို ဆိုးညစ်သောလူမျိူဆက်လို့ခေါ်တယ်ကျွန်ပ်တို့လည်း မိမိရဲ့မှားယွင်းတဲ့ဘဝလမ်းစဉ်တွေသမ္မာတရားနဲ့မညီတဲ့အကျင့်တွေကိုနောင်တယူ မပြုပြင်မပြောင်းလဲဘူးဆိုရင်ဆိုးညစ်တဲ့လူမျိုးဆက်လို့ ခေါ်ခံရတဲ့အဖွဲ့မှာတဦးအပါအဝင်ဖြစ်နိုင်တယ် တကယ်တမ်းဘုရားသခင်ကကျွန်ပ်တို့ကို သမ္မာကျမ်းစာအားဖြင့်သူနဲ့ပတ်သက်ပြီးကြားနာရသမျှသော တရားတာ်အားဖြင့်မကောင်း မှုအမှားယွင်းဘဝကနောင် နောင်တတရားဖြင့် ပြုပြင်ပြောင်းလဲတဲ့အသက်တာကို ရှင်သန်နေထိုင်စေချင်လို့ဖြစ်တယ်။ လူတွေအသိဉာဏ်ကြွယ်ဝ၊ကျယ်ပြန့်လာတာနဲ့အမျှ တခုခုကို ကြားရရုံနဲ့မလုံလောက်တော့ပဲ မျက်စိနဲ့မြင်ရမှယုံကြည်လက်ခံချင်ကြတာများလာတယ်။ကျွန်ပ်တို့အနေနဲ့ဒီကနေ့ကျမ်းစာအားဖြင့်မကောင်းမှုအမျိုးမျိုးနဲ့ပြည့်နေတဲ့ခေတ်ခါမှာရှင်သန်နေထိုင်ကြရတဲ့အခါ နိနေဝေမြိုးသူမြို့သားတွေလိုမျိုး ယောနရဲ့ ဟောပြောသတိပေးခြင်းကိုကြားပြီးတဲ့အခါကောင်းကင်ကနမိတတ်လက္ခဏာကိုမမြင်ရပေမယ့်ချက်ချင်းအပြစ်အတွက်နောင်တယူပြောင်းလဲကြဖို့လိုအပ်ပါသလိုဒီလိုဖြစ်ဖို့လည်းကြိုးစားကြရမှာဖြစ်ပါတယ်။ကျွန်ပ်တို့လည်း အသင်းတော်ရဲ့ ခေတ်အဆက်ဆက်သွန်သင်သမျှအမှန်တရားတွေအားဖြင့်လည်းကောင်း၊နေ့စဉ်ကြားနာရသမျှသမ္မာကျမ်းစာသွန်သင်ချက်များအားဖြင့်လည်းကောင်းမိမိ၏အပြစ်အမှားအယွင်းများမှနောင်တယူပြုပြင်ပြာင်းလဲကာခရစ်ယာန်အသက်တာကိုသမ္မာတရားတော်အတိုင်းရှင်သန်ကြပါစို့။