17.10.2023 – 28th Week in Ordinary Time, Tuesday
၂၀၂၃ စက်တင်ဘာလ ၁၇ ရက် (၂၈) ကြိမ်မြောက် သာမန်ကာလ အင်္ဂါနေ့
Lk.11:37-41- ရှင်လုကာ ၁၁း၃၇-၄၁
Reflection by Sr. Cecilia, SCCG
Posted by Sr. Benedetta Myat Hnin Nwe(ISR)
လူဆိုသည်မှာအဘယ်နည်းဟုမေးလျှင်ခန္ဓာနှင့်စိတ်ဝိညာဥ်ရှိသည့်သက်ရှိလူသားဟုကျွန်ုပ်တို့ဆိုကြမည်ဖြစ်သည်။သို့သော်လည်းကျွန်ုပ်တို့သည်မြင်နိုင်သောလူ့ခန္ဓာကိုယ်ကိုသာဦးစားပေးကာနေ့စဥ်စားဝတ်နေရေးအတွက်ရုန်းကန်ကကြိုးစားရှာဖွေနေကြရာတဖြေးဖြေးစိတ်ဝိညာဥ်(တနည်း)မိမိတို့၏အတွင်းစိတ်ကိုမေ့မှန်းမသိမေ့သွားကြသည်။ခန္ဓာနှင့်စိတ်ဝိညာဥ်ကိုဖန်ဆင်းသောဘုရားရှင်သည်ကျွန်ုပ်တို့အားမိမိတို့၏ခန္ဓာကိုယ်ကိုဦးစားပေးသကဲ့သို့အတွင်းစိတ်ဝိညာဥ်ကိုလည်းချစ်ခင်စွာဖြင့်စောင့်ရှောက်စေလိုသည်ကို"လူမိုက်တို့၊ အပြင်ကိုဖန်ဆင်းသောသူသည် အတွင်းကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။"ဟုယနေ့ အသက်ပေးနှုတ်ကပတ်တော်တွင်ကျွန်ုပ်တို့ကိုဖော်ပြနေပါသည်။ထို့ကြောင့်ကျွန်ုပ်တို့သည်လည်းမိမိတို့၏ အတွင်းစိတ်နှလုံးကိုပြန်လည်သတိမူလျက်ကျန်းမာပျော်ရွှင်သောစိတ်နေစိတ်ထားကိုပိုင်ဆိုင်နိုင်ရန်ကြိုးစားကြပါစို့။ကျွန်ုပ်တို့၏စိတ်နှလုံးကျန်းမာပြီးလှပနေသ၍ကျွန်ုပ်တို့နှင့်ထိတွေ့ဆက်ဆံနေကြရသောလူသားတို့သည်လည်း လှပကာပျော်ရွှင်နေမည်ဖြစ်သည်။