18.10.2023 – 28th Week in Ordinary Time, Wednesday, စိန့်လုကာပွဲနေ့
၂၀၂၃ စက်တင်ဘာလ ၁၈ ရက် (၂၈) ကြိမ်မြောက် သာမန်ကာလ ဗုဒ္ဓဟူးနေ့
Lk. 10:1-9 - ရှင်လုကာ10:1-9
Reflection by Sr. Cecilia, SCCG
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကနေ့ထောက်ရှုဆင်ခြင်ရမယ့် ကျမ်းချက်ပါအကြောင်းအရာများမှာတချို့သောအချက်များကို ထောက်ရှုကြပါစို့။ရှင်လုကာ ဟာဆိုရင်ဒီကနေကျမ်းစာအားဖြင့်တပည့်တော့ ၇၂ ပါးရဲ့ သာသနာပြုအမှုတော်ဆောင်ခြင်းကိုတင်ပြပေးတဲ့ တစ်ဦးတည်းသောဧဝံဂလိကျမ်း ရေးဆရာဖြစ်တယ်။ ဒီကနေ့ကျမ်းပိုဒ်မှာ သခင်ခရစ်တော်သည်တပည့်တော်များကို သူသွားမယ့်မြို့၊သူသွားမယ်နေရာတွေကိုအရင် တပည့်တော်တွေကိုစေလွတ်တယ်။ဘယ်လိုစေလွတ်လဲဆိုတော့နှစ်ယောက်ဆီစေလွတ်တယ်။အဓိပ္ပာယ်ကတယောက်နဲ့တယောက်အားဖြည့်ကူညီပေးကြဖို့ဖြစ်တယ်။အရင်စေလွတ်တယ်ဆိုတာက သူအဲ့နေရာရောက်တဲ့အခါလူတွေဟာသခင်ခရစ်တော်ကိုလက်ခံဖို့ အဆင်သင့်ဖြစ်စေချင်လို့ တပည့်တော်တွေကိုကူညီပြင်ဆင်ပေးစေတာဖြစ်တယ်။သခင်ခရစ်တော်ဟာတပည့်တော်တွေကိုစေလွတ်တဲ့အခါမှာပြောတာနောက်တခုကရိတ်သိမ်းစရာအသီးအနှံများစွာရှိ၏။လုပ်ဆောင်သောသူတို့မူကားနည်းကြ၏။ထို့ကြောင့်မိမိ၏လယ်ကွင်းထဲသို့လုပ်သားများကိုစေလွှတ်မည့်အကြောင်း လယ်ပိုင်ရှင်ကိုတောင်းလျှောက်ကြလော့။ဒါကိုထောက်ရှုကြည့်မယ်ဆိုရင်ဒါဟာအသင်းတော်ရဲ့သာသနာပြုခြင်းအမှုကို ပြောပြနေတာဖြစ်တယ်။ကျွန်ပ်တို့အားလုံးအယောက်စီတိုင်း ဘုရားသခင်ရဲ့ သာသနာတော်တိုးတက်ပြန့်ပွားအောင်လုပ်ဆောင်ကြဖို့ခရစ်ယာန်တိုင်းတာဝန်ရှိတယ် ဆိုတာလည်းမီးမောင်းထိုးပြနေတာဖြစ်တယ်။ဘုရားသခင်ရဲ့သာသနာတော်ပြန့်ပွားဖို့ ဘုရားသခင်ရဲ့သာသနာ့လယ်ကွင်းမှာအလုပ်လုပ်ဖို့သူတော်စင်တွေ၊ရဟန်းသီလရှင်တွေအဖြစ်ဆက်ကပ်နေကြတာရှိသလို၊မိမိတို့အနေနဲ့ ဘဝဖြင့်မဆက်ကပ်နိုင်တောင်ဘုရားရဲ့သာသနာ့လယ်ကွင်းမှာပေးဆပ်ဆက်ကပ်လိုတဲ့သူများစွာပေါ်လာဖို့ ဆုတောင်းပေးရမယ့်တာဝန်ရှိနေတယ်ဆိုတာသတိယနေရမယ်။ကျမ်းပိုဒ်ကိုထပ်ဖတ်ရှုထောက်ရှုမယ် ဆိုရင် ဘုရားသခင်ကို ဆက်ကပ်အမှုတော်ဆောင်တဲ့အခါဘယ်သို့ဘယ်ပုံဆက်ကပ်ရမယ် ဆိုတာကို ပြောပြထားတာဖြစ်တယ်။ ဒါကြောင့်ဒီကနေ့အထူးဆုတောင်းကြပါစို့ကျွန်ပ်တို့လည်း ခရစ်တော်ကြွလာတဲ့နေရာတိုင်းကို ပြင်ဆင်ပေးသူဖြစ်ဖို့သာမကဘုရားသခင်၏ သာသနာ့လယ်ကွင်းမှာဘုရားအတွက်အမှုဆောင်ပေးမယ့်လူငယ်မြောက်များစွာစေလွတ်ပေးပါမည့်အကြောင်းအထူးဆုတောင်းပေးကြပါစို့။