19.10.2023 – 28th Week in Ordinary Time, Thursday
၂၀၂၃ စက်တင်ဘာလ ၁၉ ရက် (၂၈) ကြိမ်မြောက် သာမန်ကာလ ကြာသပတေးနေ့
Lk.11:47-54 - ရှင်လုကာ ၁၁း၄၇-၅၄
Reflection by Sr. Cecilia, SCCG
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကနေ့ကြားနာဖတ်ရှုထောက်ရှုရတဲ့အသက်ပေးနှုတ်ကပါတ်တော် အကြောင်းကတော့ သခင်ခရစ်တော်ဟာ အမင်္ဂလာဆိုတဲ့စကားကိုသုံးပြီးကျမ်းတတ်ဆရာတို့ကို ပြောဆိုနေတာကြားကြရမှာဖြစ်တယ်။ဒီကနေ့ကျမ်းပိုဒ်မှာ သခင်ခရစ်တော်က အမင်္ဂလာဆိုတဲ့စကားကိုနှစ်ကြိမ်သုံးပြီးကျမ်းတတ်ဆရာတွေကိုပြောတယ်။ပထမတခါက အင်္ဂလိပ် ဗားရှင်းမှာဆိုရင် Woe to You ဆိုပြီးပြောထားတယ်။အမင်္ဂလာရှိသောသင်တို့လို့သုံးနုန်းထားတယ်။ ဘာလိုလဲဆိုရင် သူတို့ကသူတို့ဘိုးဘေးတို့လုပ်ခဲ့တဲ့သတ်ဖြတ်ခြင်းမှာသေသူများအတွက် အုတ်ဂူများဆောက်ပေးခြင်းဖြင့်မှားယွင်းတဲ့အရာကိုထောက်ခံအားပေးကြလို့ပဲဖြစ်တယ်။ဒုတိယတစ်ချက်ကတော Woe to You Lawyers အမင်္ဂလာရှိသောကျမ်းတတ်တို့၊သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြောင်းမူကားပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။မိမိတို့လည်းမဝင်၊ဝင်လိုသောသူတို့ကိုလည်းဆီးတားကြသည်ဟုမိန့်တော်မူ၏။ဒါကိုကြည့်ခြင်းဖြင့်သခင်ခရစ်တော်ဟာသူတို့ရဲ့ကျမ်းတတ်ဆရာတွေရဲ့ မှားယွင်းတဲ့အာနည်းချက်ကို ဖော်ထုတ်ပြောပြနေတာဖြစ်တယ်။မိုဇက်ဉပဒေကျွမ်းကျင်ပညာရှင်တွေရဲ့အဓိကအလုပ်က ဉပဒေကိုလေ့လာမယ်ဘာသာပြန်မယ် ဟေဘရူးလူငယ်တွေကိုအဲ့ဒီဉပဒေအားဖြင့်သွန်သင်ဆုံးမရတဲ့အလုပ်ဖြစ်တယ်။ လူတွေအပေါ် အရေးမပါတဲ့ဉပဒေများစွာချ မှတ်ထားခြင်းဟာယုံကြည်ခြင်းအသက်တာကိုဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်။ ပြီးတော့ သူတို့တွေဟာဉပဒေအားဖြင့်လူတွေဘုရားနဲ့ပိုနီးစေဖို့ ဘုရားနဲ့ဆိုင်တဲ့အသိတွေပိုကြွယ်ဝစေဖို့ကျတော့သွန်သင်ရန်ပျက်ကွက်ကြတယ်။ ဒီလိုဝိနည်းတွေ၊ဉပဒေတွေနဲ့ပဲရှိနေတဲ့ဘာသာတရားကိုတပည့်တော်တွေကလျော့ကျနိုင်ဖို့ကြိုးစာကြတယ်။ ရဟန်မင်းကြီးဖရန်းစစ်ရဲ့စကားကိုမှတ်သားကြပါစို့။ ဉပဒေကကျွန်ပ်တို့ကိုဘုရားနဲ့မနီးစေဘူးဆိုရင်အဲ့ဉပဒေကအသက်မရှိဘူး။ကျွန်ပ်တို့ကိုယ်ကိုမေးကြရအောင်။မိမိဟာပထမလူတန်းစားထဲက အမှားလုပ်တဲ့သူတွေကိုထောက်ခံတဲ့သူလား။ဒါမှမဟုတ်ရင်နည်းဉပဒေတွေကိုပဲအဓိကအခြေခံနေထိုင်ပြီးဘုရားနဲ့နီးစပ်ဖို့ မေ့နေပြီလား။ ဘဝရဲ့နည်းဉပဒေတွေ ၏ဘဝစည်းမျည်းစည်းကမ်းတွေ အဖွဲ့စည်း စည်းမျည်းဉပဒေတွေဟာမိမိကိုဘုရားနဲ့ ပိုနီးစေသလား?ဝေးစေသလား။ဒါတွေကိုစဉ်းစား ထောက်ရှုဆင်ခြင်ရင်း တနေ့တခြားဘုရားနဲ့ပိုနီးစပ်ဖို့ကြိုးစားကြပါစို့။