20.10.2023 – 28th Week in Ordinary Time, Friday
၂၀၂၃ စက်တင်ဘာလ ၂၀ ရက် (၂၈) ကြိမ်မြောက် သာမန်ကာလ သောကြာနေ့
Lk.12:1-7- ရှင်လုကာ ၁၂း၁-၇
Reflection by Sr. Cecilia,R SCCG
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကနေ့ကျမ်းစာတော်မြတ်အားဖြင့်ကျွန်ပ်တို့ ထောက်ရှုဆင်ခြင်ရမယ်အကြောင်းအရာကတော့၁။ဖာရီဇေးဦးတို့၏သူတော်ကောင်းယောင်ဆောင်ခြင်းတဆေးကိုသတိထားကြဖို့။ယနေ့ခေတ်လို မကောင်းမှုပေါင်းသောင်းခြောက်ထောင်မကရှိနေတဲ့ခေတ်မှာ သူတော်ကောင်းယောင်ဆာင်နေတဲ့သူတွေမြောက်များစွာ တွေ့ဆုံကြရမှာဖြစ်တယ်။အထူးသဖြင့်တော့ကျွန်ပ်တို့ဟာကျွန်ပ်တို့ အသိုင်းဝိုင်းမှာအဖွဲ့စည်းမှာဖာရီဇေဦးတို့လိုစိတ်ဓာတ်မျိုးပုံစံမျိုးမရှိဖို့လိုအပ်တယ်။သို့မှသာလျှင်ဘုရားသခင်ရဲ့ကြွလာခြင်းသတင်းကောင်းကိုအချင်းချင်းသက်သေခံနိုင်ကြမှာဖြစ်တယ်။၂။ဘယ်အရာမှ ဖုံးကွယ်တာမရှိပဲအရာရာတိုင်းထုတ်ဖော်ခြင်းခံရမယ်။ဒါဟာကျွန်ပ်တို့တစ်ဦးစီကို ဘာမီးမောင်းထိုးပြနေလဲဆိုတော့ကျွန်ပ်တို့အားလုံးဟာအလင်းဖြစ်တဲ့ဘုရားရှေ့မှာ မိမိဟာမိမိအဖြစ်အရှိအတိုင်းရှိနေမှာဖြစ်တာကြောင့်ဘုရားရှေ့မှာကိုယ်ဟာဖြူစင်အပြစ်ကင်းသူဖြစ်ဖို့ကြိုးစားကြပါစို့။၃။မကြောက်ပါနဲ့သင်တို့၏ဦးခေါင်းရှိဆံပင်များကို ဘုရားသခင်ရေတွက်ထားတယ်တဲ့ဒါဟာ ဘုရားသခင်ကျွန်ပ်တို့ကိုဘယ်လောက်ဂရုစိုက်ကြောင်းသိနိုင်တယ်။ကျွန်ပ်တို့ရဲ့ ဖြစ်ရှိခြင်းအတိုင်းဘုရားသခင်ဟာ အသေချာဂရုစိုက်တာကြောင့်မို့ဒါကိုခွန်အားယူရင်းနှုတ်ကပါတ်တော်နဲ့အသက်ရှင်ကြပါစို့။