Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-10-20 04:54:55

21.10.2023 – 28th Week in Ordinary Time,Saturday
၂၀၂၃ စက်တင်ဘာလ ၂၁ရက် (၂၈) ကြိမ်မြောက် သာမန်ကာလ စနေနေ့
Luke 12:8-12 ရှင်လုကာ ၁၂း၈-၁၂
Reflection by Sr. Cecilia, SCCG
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဒီကနေ့ကျမ်းစာမှာ သခင်ခရစ်တော်ကသူ့တပည့်‌တော်တွေကိုပိုပီပြင်တဲ့ခရစ်ယာန်အသက်တာအတွက်ခွန်အားအရင်းမြစ်ဖြစ်တဲ့သန့်ရှင်းသောဝိညာဉ်တော်ကို ကတိပေးတယ်။ကျွန်ပ်တို့ယနေ့ခေတ်ချိန်ခါမှာနည်းပညာတိုးတက်မှုလျင်မြန်တဲ့အတွက်ကြောင့်လိုချင်တာသိချင်တာကို အင်တာနက်ရှိရင်ဂူဂဲလ်မှာဖြစ်ဖြစ်၊ ယူတျွပ်မှာဖြစ်ဖြစ်၊သက်ဆိုင်ရာအပ်ပလီဂေးရှင်းကဝက်ပ်ဆိုက်ကနေအမျိုးမျိုးရယူနိုင်တဲ့အချိန်ခါမှာဝိညာဉ်တော်ကိုလူတွေဖိတ်ခေါ်တာ၊ဆုတောင်းတာ၊အားကိုးတာအားနည်းလာတယ်ဆိုတာ ဝမ်းနည်းစွာတွေ့ရတယ်။တကယ်တမ်းတော့ဝိညာဉ်ရေးရာရှုထောင့်ကနေပြောရရင်နည်းပညာတွေဆိုတာ လုပ်ဆောင်တီထွင်တဲ့သူတွေကိုပေးတဲ့ဝိညာဉ်တော်ရဲ့ထူးခြားကျေးဇူးတော်ခံရသူတွေလို့ ပြောလို့ရပါတယ်။ဒါကြောင့်ကျွန်ပ်တို့ ဒီကနေ့ခရစ်တော်နောက်လိုက်ကြတဲ့ကျွန်ပ်တို့တတွေမိမိကိုယ်ကိုယ်ဆန်းစစ်ကြရအောင်။ကျွန်ပ်ဉာဏ်ထက်‌ကျော်လွန်တဲ့ပြသနာတွေ၊ကျွန်ပ်၏နားလည် နိုင်စွမ်းထက်ကျော်လွန်တဲ့အရာတွေမှာဝိညာဉတော်ကျေးဇူးကိုတောင်းခံရင်း လုပ်ဆောင်ပြောဆိုကြရဲ့လား။သန့်ရှင်းသောဝိညာဉ်တော်မြတ်သည်ကျွန်ပ်တို့ကိုခွန်အားပေးလျှက် ခရစ်တော်ကိုရဲ့ရင့်စွာသက်သေခံသူနောက်လိုက်ကောင်းများဖြစ်ဖို့ဆုတောင်းကြပါစို့။

 

Daily Reflection