23.10.2023 – 29th Week in Ordinary Time, Monday
၂၀၂၃ စက်တင်ဘာလ ၂၃ ရက် (၂၉) ကြိမ်မြောက် သာမန်ကာလ တနင်္လာနေ့
Luke 12:13-21 ရှင်လုကာ ၁၂း၁၃-၂၁
Reflection by Sr. Cecilia, SCCG
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကနေ့ကြားနာရမယ့်နှုတ်ကပါတ်တော်ဟာ ချမ်းသာတဲ့သူဌေးတစ်ဦး ပုံပမာကိုသခင်ခရစ်တော်ကပြောပြထားပါတယ်။ဒီသူဌေးအကြောင်းကို ဆင်ခြင်ထောက်ရှုကြည့်မယ်ဆိုရင် ဒီသူဌေးဟာ ချမ်းသာသော်လည်းပညာမဲ့နေတယ်လိုဆိုရမှာပဲဖြစ်တယ်။ဘာလို့လဲဆိုရင်သူဟာသူရဲ့ပိုင်ဆိုင်မှုကိုပဲအာရုံစိုက်နေတာကြောင့်ဖြစ်တယ်။ဒါဟာဘုရားမျက်မှောက်တော်မှာဘုရားကိုနှစ်သက်မှုမပေးနိုင်ဘူး။ဘာလို့လဲဆိုရင်သူ့လယ်မှထွက်တဲ့သီးနှံများပိုသိုလှောင်ဖို့ပဲပြင်ဆင်တယ်၊သူပိုင်ဆိုင်သမျှကိုသူ့အတွက်ဇိမ်ခံဖို့၊စံစားဖို့၊ပျော်ရွှင်ဖို့ကိုပဲသူစဉ်းစားတယ်။တကယ်လို့သူသာသူပိုင်သမျှကိုသိုလှောင်ပြီး ဇိမ်ခံနေမှာထက်သူပတ်ဝန်းကျင်မှာလိုအပ်သူဆင်းရဲသားတွေကိုသိမြင်ပြီး ကူညီမယ်ဆိုရင်ဘုရားသခင်ကို အင်မတန်မှစိတ်ကျေနပ်စေသလိုစိတ်တော်တွေ့စေမှာပဲဖြစ်တယ်။သူသာသူ့ရဲ့ပိုင်ဆိုင်မှုကိုရက်ရောစွာဝေမျှပေးကမ်းခြင်းပြုဖို့စဉ်းစားမယ်ဆိုရင်သူဝိညာဉ်ဟာနှုတ်ယူခေါ်ဆောင်ခြင်းခံရမှာမဟုတ်သလို သူဟာပိုလို့တောင်ဘုရားကောင်းကြီးတော်ခံစားရပြီးသေသောအခါမှာကယ်တင်ခြင်းကောင်းကင်ဆုကိုရရှိမှာဖြစ်တယ်။ဒီပုံပမာကိုစဉ်းစားထောက်ရှုလျက်မိမိသည်လည်းပဲမိမိရှိတဲ့အရာတွေပိုင်ဆိုင်တဲ့အရာတွေကို စုဆောင်းသိုလှောင်တာထက်လိုအပ်သူကိုပေးကမ်းဝေမျှတတ်သူဖြစ်ဖို့ ဒီကနေ့ဆုတာင်းကြပါစို့။