24.10.2023 – 29th Week in Ordinary Time, Tuesday
၂၀၂၃ စက်တင်ဘာလ ၂၄ ရက် (၂၉) ကြိမ်မြောက် သာမန်ကာလ အင်္ဂါနေ့
Luke 12:35-38, ရှင်လုကာ ၁၂း ၃၅-၃၈
Reflection by Sr. Cecilia.R, SCCG
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကနေ့ခေတ်အခြေအနေကြောင့်သော်လည်းကောင်း၊သဘာဝဘေးအမျိုးမျိုးကြောင့်ကျွန်ုပ်တို့အသက်ဟာ အချိန်မရွေးပျောက်ကွယ်သွားနိုင်သလို အခန့်မသင့်ရင်“အစားမတော်တလုတ် အသွားမတော်တလှမ်း”ဆိုသလို မျက်စိတစ်မှိတ်အတွင်းအရာရာဖြစ်သွားနိုင်တယ်။ဒီကနေ့အသက်ပေးနှုတ်ကပါတ်တော်ဟာကျွန်ုပ်တို့အတွက် အင်မတန်မှတရားယူစရာဖြစ်တယ်။နိုးနိုးကြားကြားနေကြရမယ်။ပြင်ပြင်ဆင်ဆင်နေကြရမယ်။အထူးသဖြင့်ကျွန်ပ်တို့ရဲဝိညာဉ်ကိုအပြစ်နဲ့ကင်းစင်နေအောင်ပြင်ဆင်ဖို့လိုပါတယ်။မဟတ္တမဂန္တီကဘာပြောလဲဆိုရင်တသက်လုံးအသက်ရှင်ရမယ့်အတိုင်းသင်ယူပါ။မနက်ဖြန်သေမယ့်အတိုင်းအသက်ရှင်ပါ။ဆိုလိုတာကမနက်ဖြန်တို့တတွေသေတော့မယ်ဆိုရင်ကောင်းတာတွေပဲလုပ်ပြီးမိမိဝိညာဉ်ထာဝရအသက်ပိုင်ဆိုင်ရဖို့ကြိုးစားကြမှာပဲဖြစ်တယ်။ သခင်ခရစ်တော်၏သတိပေးချက်ကိုနှလုံးသွင်းလျက်ခရစ်တော်သခင်ကြွလာတဲ့အခါနိုးကြားနေတဲ့အစေခံတစ်ယောက်ဖြစ်ဖို့ဆုတောင်းကြပါစို့။