25.10.2023 – 29th Week in Ordinary Time, Wednesday
၂၀၂၃ စက်တင်ဘာလ ၂၅ ရက် (၂၉) ကြိမ်မြောက် သာမန်ကာလ ဗုဒ္ဓဟူးနေ့
Luke 12:39-48, ရှင်လုကာ ၁၂း၃၉-၄၈
Reflection by Sr. Cecilia.R, SCCG
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သူခိုးလာမယ့်အချိန်ကိုအိမ်ရှင်သိပါလျှင်သူခိုးဖောက်ထွင်းခိုးယူမှုမရှိစေရန်အိမ်ရှင်သည်သတိနှင့်စောင့်နေလိမ့်မယ်။ဒါဟာသိပ်သဘာဝကျတဲ့အရာတခုဖြစ်တယ်။မိမိအိမ်ကိုသူခိုးလာခိုးမယ်လို့သိရင် အိမ်ရှင်ဟာနိုးနိုးကြားကြားသတိနဲ့သူခိုးဝင်မခိုးရလေအောင်စောင့်ကြည့်နေမှာပဲဖြစ်တယ်။ဒီလိုသောစောင့်ခြင်းမျိုးနဲ့မမျော်လင့်ထားသောအချိန်နာရီတွင်လူသား၏သားတော်ကြွလာခြင်းကိုစောင့် ခိုင်းထားတာဖြစ်ပါတယ်။ဒါဟာသခင်ခရစ်တော်လိုချင်နေတဲ့ပုံစံမျိုးပဲဖြစ်တယ်။ဒီလိုမှမဟုတ်ပဲဒုတိယအဖြစ်ပျက်လိုငါသခင်လာဖို့ကြိုဦးမှာဆိုပြီးငယ်သားတွေကို ရိုက်၊မူးယဇ်သောက်စားနေတဲ့ အစေခံကိုမြင်ရတဲ့အခါသခင်ကလည်းသူ့ကိုရိုက်ပြီးအပြစ်ဒဏ်ပေးတယ်။ဒါဟာသူ့ရဲ့မပြင်ဆင်မှုလို့ပြောလိုရသလိုခေါင်းဆောင်ကောင်းမပီသဘူးလို့ဆိုလို့လည်းရတယ်။ကျွန်ုပ်တို့ဒါတွေကိုထောက်ရှုပြီးမိမိကိုယ်မိမိဆန်းစစ်ကြပါစို့။"သစ္စာနှင့်လည်းကောင်း၊သတိပညာနှင့်လည်းကောင်း၊ပြည့်စုံသောကျွန်ကားအဘယ်သူနည်း။"