26.10.2023 – 29th Week in Ordinary Time, Thursday
၂၀၂၃ စက်တင်ဘာလ ၂၆ ရက် (၂၉) ကြိမ်မြောက် သာမန်ကာလ ကြာသပတေးနေ့
Luke 12:49-53, ရှင်လုကာ ၁၂း၄၉း၅၃
Reflection by Sr. Cecilia.R, SCCG
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကနေ့ကျမ်းစာတော်ထဲမှာ ထိတ်လန့်စရာကောင်းတဲ့ စကားတွေကြားရတယ်။ကျွန်ပ်တို့ထင်မြင်မျှော်လင့်တာနဲ့ဆန့်ကျင်ဖက်တွေကြားရတယ်။ဒါပေမယ့်သခင်ခရစ်တော်ဆိုလိုချင်တဲ့မီးဆိုတာ ချစ်ခြင်းမီးသာဖြစ်တယ်။မကောင်းမှုတွေကို ဖယ်ရှားပေးမယ့်မီးဖြစ်တယ်။အဖေနဲ့သား၊အမေနဲ့သမီး၊ယောက်ခမနဲ့ ချွေးမကွဲပြားလိမ့်မယ်။ကြားရတာအလွန်ပဲ စိတ်မနှစ်မြို့ဖွယ်ရာဖြစ်တယ်။ဒါလေးကို ထောက်ရှုကြည့်တော့နားလည်မိတာတစ်ခုကဟုတ်တယ်။ဘုရားကြိုက်တဲ့အမှန်တရားတွေဟောပြောတဲ့အခါ၊ အမှန်တရားအတွက်နေထိုင်တဲ့အခါလူတွေတော်တော်များများလက်ခံရခက်တယ်။ အမှန်တရားမို့ ခါးသီးတယ်။မိသားစုမှာကြည့်ကြည့်ခုခေတ်ဆိုပိုသိသာတယ်။အမှန်တရားအတွက်ရှေ့နေရှေ့ရပ်ပြောတဲ့အခါအသက်ပါပေးလိုက်ရတယ်။အမှန်တရားအတွက်မောင်နှမတွေ၊မိဘနဲ့သားသမီးကွဲပြားကြရတယ်။ဒါကို ကြိုသိတဲ့ဘုရားကကျွန်ပ်တို့ကိုကြိုသတိပေးတာဖြစ်တယ်။ ဒါကိုဆင်ခြင်လျက်ဘဝကိုကောင်းတဲ့အရာတွေအတွက်၊ဘုရားကြိုက်တဲ့အရာတွေအတွက်ပေးဆပ်ကြပါစို့။