Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-10-26 07:33:11

27.10.2023 – 29th Week in Ordinary Time, Friday
၂၀၂၃ စက်တင်ဘာလ ၂၇ ရက် (၂၉) ကြိမ်မြောက် သာမန်ကာလ သောကြာနေ့
Luke 12:54-59ရှင်လုကာ ၁၂း၅၄-၅၉
Reflection by Sr. Cecilia.R, SCCG
Posted by Sr. Benedetta Myat Hnin Nwe(ISR)

 လူတွေဟာ ရိုးရာစဉ်လာအရ နိမိတ်ဖတ်တတ်ကြတယ်။ အခြေအနေကိုကြည့်ပြီးဖတ်တဲ့နိမိတ်တွေလည်းမှန်ကြတယ်။ဒါပေမယ့်ယနေ့မျက်မှောက်လက်ရှိဖြစ်ပျက်နေတဲ့အချိန်ခါနမိတ်လက္ခာဏာတွေကိုလျစ်လျူရှူတတ်ကြတယ်။ဒီကနေ့ကျမ်းစာအားဖြင့်ကျွန်ပ်တို့ကိုသတိပေးသလိုခွန်အားယူ‌စေချင်တာကဖြစ်ပျက်သမျှအခြေအနေအချိန်ခါကိုကြည့်ပြီး တုန့်ပြန်အစေခံခြင်းမျိုးလုပ်တတ်ဖို့ပြောနေတယ်လို့ ခံစားရတယ်။များသောအားဖြင့်ကျွန်ပ်တို့တတွေဟာပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကိုကြည့်ပြီး လျစ်လျူရှုခြင်းဆင်‌ခြေတွေအမျိုးမျိုးပေးရင်းမသိလိုက်ဘာသာနေခြင်းဆိုတဲ့ယဉ်ကျေးမှုနဲ့နေသားကျလာတဲ့အခါအနီးဝန်းကျင်ကကိုယ့်အကူညီလိုအပ်နေသူကိုတောင်ကူညီဖို့‌ပျက်ကွက်လာကြတယ်။ဒါနဲ့ပတ်သက်ပြီးရဟန်းမင်းကြီးကကျွန်ပ်တိုကို"ဉပက္ခာပြုခြင်းယဉ်ကျေးမှုရဲ့ရောဂါကို သတိမူနေထိုင်ဖို့ဖိတ်ခေါ်ထားပါတယ်။ဒီစကားကိုနှလုံးသွင်းလျက်ခရစ်ယာန်ပီပီအချိန်ခါနဲ့တောင်းဆိုမှုကိုချစ်ခြင်း၊သနားခြင်း၊စာနာခြင်းဖြင့်တုန့်ပြန်ကူညီကြပါစို့။

Daily Reflection