28.10.2023 – 29th Week in Ordinary Time, Saturday
၂၀၂၃ စက်တင်ဘာလ ၂၈ ရက် (၂၈) ကြိမ်မြောက် သာမန်ကာလ
Luke 6:12-19, ရှင်လုကာ ၆း ၁၂-၁၉
Reflection by Sr. Cecilia.R, SCCG
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကနေ့ကျမ်းစာတော်မြတ်မှာသခင်ခရစ်တော်ဟာတောင်ပေါ်တက်ပြီးတညလုံးဆုတောင်းပြီးမှတပည့်တော်တွေကိုရွေးချယ်တဲ့အကြောင်းကိုကြားနာဖတ်ရှုထောက်ရှုကြရတာဖြစ်ပါတယ်၊၊ခရစ်တော်ကိုယ်တော်တိုင် ဘုရားဖြစ်လျက် အချိန်ယူပြီးသူလုပ်ဆောင်မယ့်ကြီးမားတဲ့လုပ်ဆောင်မှုအတွက်၊အရေးကြီးတဲ့ဆုံးဖြတ်ချက်ချဖို့အတွက်သခင်ခရစ်တော်ဟာအချိန်ကြာကြီးယူပြီးဆုတောင်းခဲ့တယ်။ပြီးမှသာသူဟာတပည့်တော်များကိုခေါ်ပြီးတမန်တော်ကြီး ၁၂ ပါးကိုရွေးချယ်ခဲ့တယ်။ သခင်ခရစ်တော် တိတ်ဆိတ်ခြင်း၌ တညလုံး ခမည်းတော်ဘုရားဝိညာဉ်တော်ဘုရားနဲ့ပေါင်းစပ်ပြီးနောက်ဆုံးသုံးပါတစ်ဆူဘုရား၏အလိုတော်နှင့်အညီစီစစ်ရွေးချယ်မှုပြုနိုင်ခဲ့ခြင်းကြောင့်မို့အသင်းတော်ဟာတမန်တော်ကြီး ၁၂ပါးရဲ့ဟောပြောသက်သေခံမှုနဲ့ ကမ္ဘာတဝှမ်း တိုးတက်ပြန့်ပွားလာခဲ့တယ်။ဆုတောင်းခြင်းဟာဘယ်လောက်အရေးကြီးတယ်၊လိုအပ်တယ်ဆိုတာကိုသွန်သင်ပေးတာဖြစ်ပါတယ်။ဒါဟာကျွန်ုပ်တို့အားလုံးအတွက်အင်မတန်မှအတုယူလုပ်ဆောင်ရမယ့်အရာဖြစ်တယ်။ ကျွန်ုပ်တို့ဟာတခါတလေ ကိုယ်လုပ်ဆောင်ရမယ့်အရာတွေအရမ်းကြီးမားတဲ့အခါပိုတိကျဆုံးအကောင်းဆုံးဖြစ်ချင်ဇောနဲ့ဘယ်လိုလုပ်ဆောင်ရမလဲဆိုပြီးတွေးပူရင်းဗျာများနေတတ်ကြတယ်၊၊ဒါကြောင့်မို့တခါတလေမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေမချနိုင်ဖြစ်ရတယ်။ ဒီကနေ့နှုတ်ကပါတ်တော်ကိုနှလုံးသွင်းရင်း မိမိရဲ့အရေးကြီးတာဝန်တွေလုပ်ဆောင်စရာတွေလိုတဲ့အခါတိုင်းဘုရားနဲ့ပို၍ပေါင်းစပ်ဆုတောင်းရင်းမိမိလုပ်သမျှ၊ပြောသမျှသည်ဘုရားသခင်၏အလိုတော်အတိုင်းဖြစ်ဖို့ကြိုးစားကြပါစို့။