Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-10-29 06:36:48

30.10.2023 – 30th Week in Ordinary Time, Monday
၂၀၂၃ စက်တင်ဘာလ  ၃၀ ရက် (၃၀) ကြိမ်မြောက် သာမန်ကာလ တနင်္လာနေ့
Luke 13:10-17 - ရှင်လုကာ(၁၃း၁၀-၁၇)                     
Reflection by By Sr. Rosmary Khine Oo sccg
Posted by Sr. Benedetta Myat Hnin Nwe(ISR)  

ဒီနေ့ခရစ်တော်သခင်ရဲ့အသက်ပေးနှုတ်တော်ထွက်တရားတော်မှာမသန်စွမ်းအမျိုးသမီးတစ်ဦးကိုဥပုသ်နေ့မှာ ခရစ်တော်ရဲ့ကုသခြင်းခံခဲ့ရလို့ မနာလိုစိတ်နဲ့ပြည့်နေသော တရားဇရပ်မှူးကအမျက် ထွက်ခဲ့တယ်။ အမျိုးသမီးက ခရစ်တော်ထံ အသနားခံတောင်း‌လျှောက်တာမဟုတ်ဘူး။ ခရစ်တော်ကသူ့ကိုမြင်ပြီးသနားစိတ်ဝင်တာနဲ့သူ့ကိုခေါပြီးကုသပေးခဲ့တယ်။ဒီနေရာမှာတို့တွေလည်း မတူညီသော ရောဂါဝေဒနာမျိုးစုံနဲ့ ကိုယ်စီရှိနေကြတဲ့ လူတွေပါ။တို့တွေဘာဖြစ်နေလဲဆိုတာကိုလည်း ကြိုသိနေသူပါ။ သူကိုယ့်ကိုခေါ်တဲ့အခါ ကိုယ့်ဘက်က သွားရမှာဖြစ်တယ်။ ကိုယ့်ဘက်ကရွေ့သွားဖို့လိုတယ်။ဒါမှသာကုသခြင်းခံရမှာဖြစ်တယ်။ဒါ့အပြင်တစ်ခါတစ်ရံကောင်းတဲ့အလုပ်တွေအများအတွက်လုပ်ဆောင်လုပ်လို့ပတ်ဝန်းကျင်ရဲ့ဝေဖန်မှု၊ကဲ့ရဲ့မှုတွေခံရတတ်တဲ့သဘောကိုလည်းသိထားရမှာဖြစ်တယ်။အများအတွက်ပေးဆပ်ရဲသူဟာဝေဖန်မှုတွေနဲ့မကင်းပါဘူး။ ဝေဖန်ခံရလို့စိတ်ဓာတ်ကျနေစရာမလိုဘူး။ တို့တွေရဲ့စံပြရှိနေတယ်။ဒါတော့သခင်ယေဇူးခရစ်တော်ဘုရားရှင်ပဲပေါ့။ ဒါကြောင့် နေ့စဉ်ရှင်သန်ရုန်းကန်ရတဲ့ဘဝအသက်တာထဲမှာ ခရစ်တော်ကိုအတုယူပြီး လိုနေသူအတွက်လုပ်ဆောင်ပေးနေရင်းပျော်စရာကောင်းသောခရစ်ယာန်ဘဝအသက်တာကို ရယူပိုင်ဆိုင်နိုင်အောင် အတူတူကြိုးစားသွားကြပါစို့။

Daily Reflection