Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-10-30 06:05:55

31.10.2023 – 30th Week in Ordinary Time, Tuesday
၂၀၂၃ စက်တင်ဘာလ ၃၁  ရက် (၃၀) ကြိမ်မြောက် သာမန်ကာလ အင်္ဂါနေ့
Luke 13:18-21 - ရှင်လုကာ ၁၃း၁၈-၂၁                     
Reflection by By  Sr.Cecilia .R (SCCG)
Posted by Sr. Benedetta Myat Hnin Nwe(ISR)  

 ဒီကနေ့ အသက်ပေးနူတ်ကပတ်တော်ကနေ သခင်ခရစ်တော်က ကောင်းကင်နိုင်ငံတော်ကို မုန်ညင်းစေ့ကနေအပင်ကြီးကြီးဖြစ်လာပုံလို တဖုံ၊မုန့်ညက်မှာသုံးတဲ့တဆေးလိုတစ်မျိုးခိုင်းနှိုင်းသွန်သင်ပြတာတွေ့ရတယ်၊၊ဒါကိုထောက်ရှုတဲ့အခါဘယ်လိုဖြစ်နိုင်မှာလဲဆိုတာတွေးမိတယ်။တကယ်တော့ ဘုရားနဲ့သာဆိုရင်သေးငယ်တဲ့အရာတောင်ကြီးမားတဲ့လွမ်းမိုးမှုကိုလုပ်ဆောင်နိုင်တယ်ဆိုတာကို ထောက်ရှုမိတယ်။တခါတလေပတ်ဝန်းကျင်မှာကောင်းကင်နိုင်ငံနဲ့တူတဲ့သူတွေ၊တဆေးနဲ့တူတဲ့သူတွေကိုတွေ့ဖူးကြမှာပါ။သူတို့ဟာဆိုရင် ကြင်နာခြင်း၊စာနာခြင်း၊ ခွင့်လွတ်ခြင်းတွေနဲ့ပတ်ဝန်းကျင်ကို အကူညီပေးတဲ့သူတွေပတ်ဝန်းကျင်ကိုတည်ဆောက်တဲ့သူတွေ၊အသိုင်းဝိုင်းကိုတိုးတက်စေတဲ့သူတွေဖြစ်တယ်။မိမိကိုယ်ကို ဒီကနေ့မေးကြရအောင်ကိုယ်လည်း မုန့်ညင်းစေ့လိုလား?မဟုတ်ရင် တဆေးလိုလား?တခုခုဖြစ်နေဖို့လိုတယ်။မိမိရဲ့သေးငယ်မှုတွေမှာတတ်နိုင်စွမ်းသေးသေးလေးတွေနဲ့ဘုရားသခင်ကိုအသုံးပြုခွင့်ပေးဖို့လိုအပ်တယ်။ဒါမှကျွန်ပ်တို့ဟာဒီကနေ့ကျမ်းစာလိုသေးငယ်ပေမယ့် ကမ္ဘာကိုလွမ်းမိုး နိုင်မယ်ဖြစ်တယ်။ဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံတော်ကို မြေပေါ်မှာတည်ဆောက်သူတွေလည်းဖြစ်လာမယ်။ဒါကိုဆင်ခြင်လျက်စာနာတတ်တဲ့နှလုံးသားနဲ့ပတ်ဝန်းကျင်ကို မိမိရဲ့စာနာခြင်း၊ကြင်နာခြင်း၊ခွင့်လွတ်ခြင်းတွေနဲ့အသိုင်းအဝိုင်းကိုလွမ်းမိုးကြစို့။

Daily Reflection