#ဖေဖော်ဝါရီလ (၂၅) ရက် / ကြာသပတေးနေ့ ၂၀၂၁
#ဧဝံဂလိကျမ်း / ရှင်မာတေဦး (၇း ၇-၁၂)
#Rev.Michael Kyaw Swar Naing (MS)
Posted by M Sulatthtwe
“တောင်းသောသူတိုင်းသည် ရ၏။ ရှာသောသူသည်လည်း တွေ့၏။ တံခါးခေါက်သောသူအားလည်း ဖွင့်ပေးလိမ့်မည်။” (မာတေဦး ၇း၈)
ဤယနေ့ ဧဝံဂေလိကျမ်းစာတော်မြတ်ထဲ၌ ဆုတောင်းရန် လိုအပ်ကြောင်း ကျွန်ုပ်တို့ကို သခင်ခရစ်တော်က သတိပေးနေပါတယ်။ ဆုတောင်းခြင်းဆိုသည်မှာ ဘုရားသခင်ထံ ရင်းနှီးကျွမ်းဝင် မှီခိုအားထားခြင်းဖြင့် ပြောဆိုဆက်သွယ် အသက်ရှင်ခြင်းဟုဆိုလျှင် မမှားပေ။ မြတ်သောအယူဝါဒအရ (ဃဃဃ.၂၅၅၉) “ဆုတောင်းခြင်းဆိုသည်မှာ ဘုရားသခင်ထံ ကောင်းသောအရာများကို တောင်းခံခြင်းဖြစ်သည်။” သူတော်မြတ်မော်နီကားသည် ဇွဲရှိစွာ ဆုတောင်းသည့်အခါ လမ်းမှားခဲ့သော သူမ၏သား သြဂုတ်စတင်း၏ အသက်တာကို ပြောင်းလဲနိုင်ခဲ့တယ်။ သူတော်မြတ် ရိတားသည် ယုံကြည်ခြင်းဖြင့် သူမဆုတောင်းခဲ့သည့်အတွက် သူမ၏လင်တော်မောင်နှင့် သားတော်မောင်များ ဘဝကို ပြောင်းလဲစေခဲ့ပြီး၊ နောင်တရကြပြီး ဘဝနိဂုံး လှခဲ့ကြတယ်။ သူတော်မြတ် ဂျွန်ဗီယာနေ၏ နှိမ့်ချခြင်းဖြင့် ဆုတောင်းသောကြောင့် ဘာသာတရား ပေါ့လျော့ပြီး ဆိုးသွမ်းသော ဘာသာသူများ စရိုက်ပြောင်းပြီး လူကောင်းများ ဖြစ်လာခဲ့ကြသည်။ ဒါကြောင့် ဆုတောင်းမှု မှန်ကန်ဖို့လိုတယ်။ ဆုတောင်းတဲ့အခါမှာ နှိမ့်ချခြင်း၊ ဖြူစင်ခြင်း၊ ယုံကြည်ခြင်းနှင့် ဇွဲလုံ့လဝီရိယတို့ဖြင့် ထပ်ခါထပ်ခါ ဆုတောင်းကြရမည်။ ဒါကြောင့် ဝါတွင်းပထမအပတ်မှာ ဆုတောင်းခြင်း၌ မွေ့လျော်ပြီး မှန်ကန်သော ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ရင်နှီးမှုကို ရယူကြပါစို့။ ”အိုအဖဘုရား တပည့်တော်၏ အလိုတော်အတိုင်း မဟုတ်ပါ၊ ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်ပါစေသော်” ဆိုသော ဆုတောင်းမေတ္တာကို ကျွန်ုပ်တို့ဘဝမှာ စံပြဆုတောင်းမေတ္တာအဖြစ် အမြဲရွတ်ဆို အသက်ရှင်နိုင်ပါစေ။
#Rev.Michael Kyaw Swar Naing (MS)