Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-11-02 07:57:58

3.11.2023 – 30th Week of Ordinary Time, Friday  
၂၀၂၃ နိုဝင်ဘာလ ၃ ရက်၊ ၃၀ ကြိမ်မြောက် သာမန်ကာလ သောကြာ
Luke 14:1-6, ရှင်လုကာ ၁၄း၁-၆
Reflection by Rev. Fr. Paschal Thi Ko Shin(SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

နိုဝင်ဘာလ(၃)ရက်(သောကြာနေ့)ဒီကနေ့မနက်ကြားနာရတဲ့ဧဝံဂေလိကျမ်းစာထဲမှာဥပုသ်နေ့နဲ့ ပတ်သက်ပြီးဖာရီဇေဦးတွေနဲ့ သခင်ယေဇူးထိပ်တိုက်ပြန်တွေ့ရတဲ့အကြောင်းဖြစ်ပါတယ်။ ဥပုသ်နေ့မှာပဲ ဖာရီဇေဦးတွေထဲက ခေါင်းဆောင်ပိုင်းတစ်ဦးကသူ့ရဲ့အိမ်မှာကိုယ်တော်ကိုညစာစားဖို့ ဖိတ်တဲ့အတွက်ကြောင့်သခင်ယေဇူးကကြွလာခဲ့တယ်။ဥပုသ်နေ့နဲ့ပတ်သက်ပြီးသခင်ယေဇူးနဲ့ဖာရီဇေဦးတို့ ခဏခဏစကားများရတယ်။တိတိကျကျပြောရရင်ကျမ်းစာထဲမှာ(၇)ကြိမ်တောင်ရှိတယ်။ဥပုသ်နေ့မှာခရစ်တော်ကရောဂါတွေကုသပေးတာ၊အပြစ်သည်တွေကိုခွင့်လွှတ်ပေးတာအကြိမ်ကြိမ်ပါပဲ။ အကြိမ်တိုင်းအကြိမ်တိုင်းက ဖာရီဇေဦးတွေအတွက် မျက်မုန်းကျိုးစေတယ်။ခရစ်တော်ပြုတဲ့အကောင်းတွေအတွက်အတုယူအားကျရမယ့်အစား မနာလိုအမုန်းတရားတွေသာ တိုးလာပါတယ်။အဓိကကတော့ ဘယ်အချိန်မှာများ ယေဇူးဘုရားရှင်က ဥပုသ်နေ့ကို ချိုးဖောက်လိုက်မလဲဆိုတာ မျက်စိဒေါက် ထောက်ကြည့်နေကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ကိုယ်တော်ကသာ ဥပုသ်နေ့ကို မစောင့်ထိန်းဘူးဆိုရင်သူတို့အတွက်ဂွင်ကောင်းကောင်းကြီးရသွားပြီ။ဘာသာရေးကိုချိုးဖောက်တဲ့သူ။ဥပဒေမလိုက်နာသူမို့ သူကို ဆက်မဟောပြောဖို့၊သူပြောတာတွေကိုနားမထောင်ကြဖို့လူတွေကို ပြောလို့ရသွားပြီ။ ဒါကြောင့် ဥပုသ်နေ့မှာ ယေဇူးဘုရားရှင် အမှား လုပ်မိဖို့ သူတို့အတွက် အသက်တမျှ အရေးကြီးနေတယ်။ ဒီလောက်စောင့်ကြည့်နေကြတဲ့ကြားထဲက ဒီနေ့မှာလည်းသခင်ယေဇူး ကရေဖျဉ်းနာစွဲနေတဲ့သူတစ်ယောက်ကိုကုသပေးလိုက်ပြန်တယ်။ဒါပေမဲ့မကုသခင်မှာကျမ်းတတ်ဆရာတွေကို မေးခွန်း တစ်ခုမေးတယ်။ဥပုသ်နေ့မှာအနာရောဂါကုသလို့ရလားဆိုပြီးမေးတယ်။ သူတို့မဖြေကြဘူး။တိတ်ဆိတ်နေကြတယ်။ကိုယ်တော်ကလည်းရေဖျဉ်းစွဲလူနာကိုကုသပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ယေဇူးဘုရားရှင်ကသူလုပ်ရမယ့်အရာကောင်းတဲ့အမှုကိုလွတ်လပ်စွာနဲ့ပဲ လုပ် ဆောင်ခဲ့တယ်။ဥပုသ်နေ့တွေဘာတွေထက်အကောင်းပြုခြင်းကပိုလို့အရေးပါတယ်ဆိုတာကိုထောက်ပြခဲ့တယ်။ဥပုသ်နေ့ကိုမစောင့်ထိန်းရဘူးလို့ မပြောဘူး။သနားကရုဏာပြဖို့လိုလာပြီဆိုရင်မလို အပ်တဲ့စည်းကမ်းတွေမေ့ထားလို့ရတယ်။ဥပုသ်နေ့ဟာအပြစ်ရှာဖို့မဟုတ်ဘူး။ဥပုသ်နေ့မှာဘုရားအတွက်ပိုပြီးအချိန်ပေးဖို့ဖြစ်တယ်။ကောင်းတဲ့အရာလေးတွေလုပ်ပြီးဘုရားကိုချစ်ကြောင်းသက်သေ ပြလို့ရတယ်။ဘုရားကျောင်းတက်၊စက္ကရမင်တူးတွေခံယူပြီးဘုရားကိုယုံကြည်သဒ္ဓါစိတ်တွေပွားလာရမယ်။မိသားစုအတွက်အချိန်ပိုပေးတာတွေ၊နေထိုင်မကောင်းတဲ့သူတွေကိုကြည့်ပေးတာတွေ၊သူများအတွက်ကူညီလုပ်ပေးလို့ရတာလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမှာဖြစ်ပါတယ်။ဓမ္မမိတ်ဆွေအပေါင်းတို့ ဥပုသ်နေ့ကိုသန့်ရှင်းပျော်ရွှင်စွာမှန်ကန်သောနည်းလမ်းတွေနဲ့ စောင့် ထိန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

Daily Reflection