Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-11-05 07:40:02

6.11.2023 – 31th Week of Ordinary Time, Monday 
၂၀၂၃ နိုဝင်ဘာလ (၆) ရက်၊ ၃၀ ကြိမ်မြောက် သာမန်ကာလ တနင်္လာနေ့
Luke 14:12-14, ရှင်လုကာ ၁၄း၁၂-၁၄
Reflection by Rev. Fr. Paschal Thi Ko Shin(SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ယနေ့ခေတ်ကြီးကာလမှာ လူတွေကအလှူအတန်းလုပ်ကြတဲ့အခါထင်ပေါ်အောင်လုပ်လာကြတယ်။ကိုဗစ်ကာလမှာ တုန်းကလည်းလှူဒါန်းတဲ့ပုံတွေကိုဓါတ်ပုံရိုက်ကြ၊လူမှုကွန်ယက်မှာဖြန့်ဝေကြနဲ့ တော်တော်လေးကိုမျက်စိနောက်အောင်တွေ့ခဲ့ကြရတယ်။အလှူအတန်းလုပ်တဲ့အခါတချို့ကကြွားဝါလိုတဲ့စိတ်နဲ့လုပ်တယ်။တချို့က တစ်စုံတစ်ရာကိုမျှော်လင့်ပြီး ပြုလုပ်ကြတယ်။ကြွားချင်လုပ်တဲ့အလှူနဲ့ ပွားချင်လို့လုပ်တဲ့အလှူဘယ်အလှူမှမကောင်းပါဘူး။ စိတ်မထားတတ်ရင်အလှူက ကုသိုလ်မရဘဲငရဲရစေတဲ့အဖြစ်မျိုး။လိုင်းပေါ်မှာနာမည်ကြီးတဲ့အလှူပို့စ်လေးတစ်ခုတွေ့ရပါတယ်။လှူတဲ့ အမျိုးသမီးကြီးက မယ်သီလရှင်တွေကိုလှူပါတော့မယ်ရှင်၊သာဓုခေါ်ပါရှင်လို့ပြောပြောပြီးအလှူပေးရင်း ဗီဒီယိုလိုက်ဗ်လွင့်ပြီးတင်ပါတယ်။ နေပူထဲမှာမယ်သီလတွေကမျက်မှောင်တွေကျုံ့ပြီး အလှူရှင်ကိုစိတ်မရှည်စွာကြည့်နေကြရတယ်။ဒီဗီဒီယိုလေးတွေကို မြင်တဲ့အခါလှူတဲ့သူက ဘာကိုပြချင်တာလဲ။ကြွားချင်တာလား။ဂုဏ်ဖော်ချင်တာလား။ဘယ်လိုခေါင်းစဉ်တပ်ရမလဲ မသိ။တစ်ခါမှာ ဘုရားကျောင်းအုတ်တံတိုင်းအလှူရှင်တွေကိုကမ္ဗည်းထိုးပြီး ကျေးဇူးတင်အသိမှတ်ပြုတဲ့ဟာသလေးတစ်ခုဖတ်ဖူးပါတယ်။ပန်းရံဆရာတစ်ယောက်ကအုတ်တံတိုင်းအကွက်တွေကို နာမည်ထိုးပေးရတယ်။ဘယ်မြို့ ဘယ်ရပ်ကွက် ဘယ်မိသားစုကနေ လှူပါတယ် ဆိုပြီး အုတ်တံတိုင်းရဲ့ အကွက်တိုင်းမှာ ရေးထိုးရတယ်။ တစ်နေရာက အကွက်မှာကျ ဘာမှ မရေးထိုးထားလို့ ပန်းရံဆရာက ဒီအလှူရှင်ရဲ့ စေတနာကမွန်မြတ်လိုက်တာကြည့်စမ်းပါဦး၊သူနာမည်တောင်မရေးထိုးထားဘူးဆိုပြီးချီးမွမ်းစကားဆိုနေတုန်းမှာပဲ ရွှေတွဲလွဲနဲ့အမျိုးသမီးကြီးတစ်ဦးရောက်ချလာတယ်။ဒီအုတ်တံတိုင်း အကွက်ကို ကျွန်မလှူထားတာလေ၊သူများနဲ့မတူအောင်အကြီးကြီးရေးထိုးပေးပါဆရာဆိုပြီးကမ္ဗည်းထိုးခမုန့်ဖိုးကိုပိုပေးသွားပါလေရော။ဟုတ်တယ်။အလှူကို ဖော်ချင်တယ်။နာမည်ကိုပြချင်တယ်။ ဒါလည်းပဲသဘာဝလိုပဲဆိုရတော့မှာပဲလား။တချို့ကျပြန်တော့လည်း နာမည်တော့မဖော်ပါဘူး။ဒါပေမဲ့မျှော်လင့်ချက်တွေကပ်ပါတတ်တဲ့အလှူမျိုး။ ဒီလိုပေးကမ်းလိုက်ရင်ငါ့ကိုတစ်ချိန်ကျရင် ပြန်ကြည့်မှာပဲ။သူ့အလှည့်ကိုယ့်အလှည့်ပေါ့ကွာဆိုတဲ့အတွေးနဲ့တတ်နိုင်သူတွေကိုလှူတယ်။ပေးကမ်းရက်ရောတဲ့သဒ္ဓါတရားတွေကအဖြူထည်သက်သက်မဟုတ်ပြန်ဘူး။ခရစ်တော်ကဒီယနေ့ကျမ်းစာထဲမှာထမင်းကျွေးတဲ့အချိန်၊အလှူပေးတဲ့အချိန်တွေမှာမိတ်ဆွေသူငယ်ချင်းရောင်းရင်းတွေကိုပဲမဖိတ်နဲ့၊ကိုယ့်ကို ပြန်ပြီးကျေးဇူးမပြုနိုင်တဲ့သူတွေကိုပေးပါ။မျှော်လင့်ချက်တွေမထားဘဲဖြူစင်စွာ ပေးကမ်းမျှဝေဖို့ တရားပေးထားတယ်။ပြန်ပြီးပေးမယ့်သူကကိုယ်ပေးလိုက်တဲ့သူတွေက ပေးမှာမဟုတ်ဘူး။ဘုရားရှင်ကကိုယ်ရက်ရောတဲ့အတိုင်းပြန်လည်ပေးဝေပါတယ်။ရှိသမျှကိုယ့်အဖို့၊ သိမ်းကြုံးထည့်ကာမရက်ရောတဲ့ပေးဆပ်ခြင်းမျိုးဘုရားမကြိုက်ပါဘူး။လိုတဲ့နေရာကိုမဖို့ဘဲမလိုတဲ့နေရာကိုဖြည့်ချင်တဲ့လူ့သဘောကိုခရစ်တော်ကမီးမောင်းထိုးပြထားတယ်။ဆင်ခြင်ပြီးတရားသတိနဲ့ လိုနေသူတွေကိုစိတ်ထားသန့်သန့်လေးနဲ့သာပေးဝေနိုင်ဖို့ကြိုးစားအားထုတ်ကြပါစို့။

 

Daily Reflection