Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-11-15 05:14:14

32nd Week in Ordinary Time, Friday
၂၀၂၃ နိုဝင်ဘာလ (၁၆) ရက်၊ ၃၂ ကြိမ်မြောက် သာမန်သောကြာနေ့
Luke 17: 20-25ရှင်လုကာ ၁၇း၂၀-၂၅
Reflection by Rev. Fr. Paschal Thi Ko Shin သီကိုရှင်း (SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

နှလုံးသားမှာ အဖြေရှာ

မြေးအဖိုးနှစ်ယောက်ရေတွင်းတစ်ခုနားမှာစကားစမြည်ပြောနေကြတယ်။ ကလေးမလေးကသူ့အဘိုးကို"ဘိုးဘိုး..ဘိုးဘိုး..ဘုရားသခင်ကဘယ်မှာရှိတာလဲ"လို့ မေးလိုက်တယ်။ အဘိုးကသူ့မြေးမလေးကိုချီပြီး ရေတွင်းထဲကိုငုံ့ကြည့်ခိုင်းတယ်။"သမီးလေးဘာမြင်လဲ"ဆိုပြီး မေးတဲ့အခါ ကလေးမလေးက"သမီးကိုသမီးမြင်ရတယ်"တဲ့။ အဘိုးကပြန်ဖြေတယ်။"ဟုတ်တယ်သမီးလေး၊ဘုရားကသမီးမြင်တဲ့သမီးထဲမှာတည်ရှိတယ်"လို့ကလေးမလေးကိုပြန်ဖြေပေးလိုက်တယ်။ကောင်းကင်နိုင်ငံတော်ကဘယ်မှာလဲလို့ဖာရီဇေဦးတွေကခရစ်တော်ဘုရားကိုမေးတဲ့အခါသခင်ယေဇူးက ကောင်း ကင်နိုင်ငံတော်ဟာဟိုနားမှာ၊ဒီနားမှာလို့လက်ညိုးထိုပြီးပြောလို့ မရပါဘူး။ ကောင်းကင်နိုင်ငံတော်ဟာသင်တို့အလယ်မှာရှိတယ်လို့ ပြန်ဖြေခဲ့တယ်။ ခရစ်တော်ရဲ့ကောင်းကင်နိုင်ငံတော်ဟာသင်တို့အလယ်မှာ ဆိုတဲ့စကားကို အချက် (၂)ချက်နဲ့ ထောက်ရှုကြည့်ရအောင်။သခင်ယေဇူးပြောတဲ့ ကောင်းကင်နိုင်ငံတော်ဟာ ခရစ်တော်က မိမိကိုယ်ကို ရည်ညွန်းပြောဆိုနေခြင်းဖြစ်တယ်။ ခရစ်တော် ဟာ လူ့ဇာတိကိုခံယူတဲ့ဘုရားဖြစ်တယ်။ လူသားစင်စစ်၊ဘုရားစင်စစ်ဖြစ်တော်မူ၏လို့ ယုံကြည်ခြင်းမှာဝန်ခံကြတာကိုသတိပြုမိမှာပါ။ ခရစ်တော်ဟာလူ့လောကထဲမှာ လူသားခန္ဓာကိုယ်နဲ့တည်ရှိနေတဲ့ လူသားစစ်စစ်ဖြစ်ပေမဲ့လည်း ဘုရားဇာတိတော်အားဖြင့် ခမည်းတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့နဲ့လည်း ပေါင်းစပ်နေ တယ်။ ဘုရားရှိတဲ့အရပ်မှာ ဘုရားရဲ့နိုင်ငံတော်ရှိတယ်။ ခရစ်တော်အားဖြင့်ဘုရားရဲ့အလိုတော်အစီအမံတွေဟာပြည့်စုံလာကြရပါတယ်။ ခရစ်တော်ရှိနေတဲ့ဝန်းကျင်ဟာ ကောင်းကင်နိုင်ငံတော်တည်ရှိပါတယ်။ဒုတိယအချက်အနေနဲ့ ခရစ်တော်ရဲ့သွန်သင်ချက်တွေ တရားအဆုံးအမတွေကိုလိုက်နာဆောင်ရွက်တဲ့အခါ ကောင်းကင်နိုင်ငံတော်ဟာကျွန်ုပ်တို့အလယ်မှာလည်းတည်ရှိလာပါတယ်။ ဘုရားရဲ့နိုင်ငံတော်ဟာငြိမ်းချမ်းခြင်း၊တရားမျှတခြင်း၊ဝိညာဉ်တော်၌ ရွှင်လန်းခြင်း စတဲ့ အင်္ဂါရပ်တွေဟာ မြတ်သောအယူဝါဒမှာ သွန်သင်ထားတယ်။ ဘုရားရှင်ရဲ့ တရားဟာ လူနှလုံးသားကို ငြိမ်းချမ်းစေတယ်။ တရားမျှတမှုကိုရှာဖွေစေပြီး စစ်မှန်တဲ့ပျော်ရွှင်မှုကိုပေးတယ်။ ဒါတွေအားလုံးဘယ်ကစလဲဆိုရင်နှလုံးသားထဲကဖြစ်တည်ပါတယ်။ဘုရားနဲ့တူတဲ့နှလုံးသားရှိပြီး၊ဘုရားရှင်ကဲ့သို့ မေတ္တာထားခွင့်လွှတ်သနားခြင်းတွေပြသတတ်တယ်ဆိုရင် ကျွန်ုပ်တို့နှလုံးသားထဲမှာ ဘုရားရဲ့ နိုင်ငံတော်ဟာ လာရောက်တည်နေပါပြီ။ ဘုရားရဲ့နိုင်ငံတော်ကို အဝေးကြီးမှာ ရှာဖွေစရာမလိုပါဘူး။ ကောင်းကင်နိုင်ငံတော်ဟာ တကယ်တော့ ကိုယ့်ဘဝထဲမှာ၊ ကိုယ့်နှလုံးထဲမှာရှိနေပြီးသားပါ။ ဆက်လက်တည်ဆောက်ဖို့ပဲလိုပါတော့တယ်။

Daily Reflection