Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-11-21 03:57:39

33rd Week in Ordinary Time, Wednesday. St Cecilia
22.11.2023 - ၂၀၂၃ နိုဝင်ဘာလ (၂၂) ရက်၊ ၃၃ ကြိမ်မြောက် သာမန်ကာလ ဗုဒ္ဓဟူးနေ့
Luke 19: 11-28 - ရှင်လုကာ ၁၉း၁၁-၂၈
Reflection by Rev. Fr. Paschal Thi Ko Shin သီကိုရှင်း (SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

စာရင်းရှင်းမယ့်နေ့

လာမယ့်တနင်္ဂနွေမှာ ခရစ်တော်ဘုရင်ပွဲနေ့ကြီးကိုကျွန်ုပ်တို့တွေ ကျင်းပကြတော့မယ်။ ခရစ်တော်ဘုရားကဘုရင်တကာတို့ရဲ့ဘုရင်ဖြစ်တယ်။ ဒီဘုရင်ကဒုတိယအကြိမ်ဘုန်းဂုဏ်တော်နဲ့ပြန်လည်ကြွလာဦးမယ်။ အဲ့ဒီအခါကျရင်တော့ဘုရင်ရဲ့ရှေ့မှာ အားလုံးဟာအစီရင်ခံရမယ်။ ဒုတိယအကြိမ်ကြွလာခြင်းမတိုင်မီကျွန်ုပ်တို့ဘဝအသက်တာကိုဘယ်လိုပြင်ဆင်နေထိုင်ရမလဲဆိုတာကို ဒီယနေ့ကျမ်းစာမှာထောက်ရှုရပါတယ်။ဘုရားကသူ့ရဲ့နိုင်ငံတော်နဲ့ပတ်သက်ပြီးလုပ်ဆောင်ဖို့ လိုအပ်တဲ့အရာတွေပေးထားတယ်။ ငွေကြေး၊အရည်အချင်း၊အစွမ်းအစပါရမီအားလုံးကိုပေးပြီးပြန်လာမယ့်တစ်နေ့မှာသူပေးတဲ့ ဒီအရာတွေကိုကိုယ်ဘယ်လိုသုံးလိုက်လဲဆိုတာဖြေရမယ့်တစ်နေ့ရောက်လာမယ်။ဘုရားသခင်ကလူတွေကိုရက်ရောစွာနဲ့ ကျေးဇူးတော်တွေချပေးတယ်။နေ့ရက်တိုင်းက ဘုရားပေးတဲ့ တန်ဖိုးကြီးရွှေတုံးတစ်တုံးနဲ့တူတယ်။ တစ်နှစ်နေရရင်အဲ့ဒီလူတစ်ယောက်မှာ ရွှေတုံး ၃၆၅ တုံးရရှိပိုင်ဆိုင်ထားပါတယ်။ တစ်ရက်တာကိုကောင်းကောင်းမနေတဲ့သူဟာ ကိုယ်ပိုင်ထားတဲ့ ရွှေတုံးကိုဖြုန်းတီးသူနဲ့တူတယ်။ ဘုရားကရက်တိုင်း ရွှေတုံးတွေပေးပေမဲ့ လူက တန်ုဖိုးကိုမသိ။ ကောင်းကောင်းအသုံးမချဘဲ ဖြုန်းတီးလိုက်တာကို ဘုရားသခင်အလိုမရှိပါဘူး။ ဘုရားက သူပေးတဲ့အရာကို တန်ဖိုးထားအသုံးချပြီး ပွားများစေချင်တယ်။ တန်ဖိုးနားမလည် ဆိုးမိုက်တဲ့သူကမပွားတဲ့အပြင် ရှိတဲ့အရာကိုမြေကြီးထဲမှာဖွက်ထားတယ်။ သူပေးတဲ့အကြောင်းပြချက်ကဒီ ဘုရင်ကမစိုက်ပျိုးတဲ့နေရာမှာရိတ်လို့ ကြောက်တဲ့အတွက်သိမ်းထားတယ်။ဘုရားကိုကြောက်စရာလို့မြင်တယ်။ ကောင်းမြတ်တဲ့သူရက်ရောတဲ့ သူလို့မမြင်ဘဲခတ်ထန်မာကြောတဲ့ဘုရားလို့ ကင်ပွန်းတပ်လိုက်တဲ့အခါ အစွမ်းအစတွေသေသွားတယ်။ကြောက်စိတ်က အောင်မြင်မှုအတွက်အဟန့်အတားဖြစ်တယ်။ ပန်းတိုင် ဆိုတာလျှောက်နေတဲ့သူတွေအတွက်ပါ။ လဲကျမှာကြောက်လို့ ရပ်တန့်နေသူတွေအတွက်မဟုတ်ဘူး။ဘုရားပေးကျေးဇူးတော်ဆိုတာလူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့တည်ဆောက်ရတာပါ။ဘုရားကျေးဇူးနဲ့လူ့အားထုတ်မှုပေါင်းလိုက်တဲ့အခါပါရမီဆိုတာဖြစ်လာတယ်။ကြိုးစားလေလေ တိုးလာလေလေသဘောရှိတယ်။မကြိုးစားဘူး။အသုံးမပြုဘူးဆိုရင်ရှိထားတဲ့ကျေးဇူးသေးသေးလေးတောင်ပြန်လည်ပျောက်ကွယ်သွားတတ်တယ်။ဒါကြောင့်ခရစ်တော်ကရှိသောသူအား ထပ်မံ၍ ပေးဦးမည်။ မရှိသောသူထံမှသူ၌ရှိသမျှကိုပင်သိမ်းယူလိမ့်မည်။ ဒီကျမ်းစကားကိုကြားတဲ့အခါ အစကတစ်မျိုးတွေးမိတယ်။ မရှိပါဘူးဆိုမှထပ်ယူသွားတယ်။ ပိုလျှံနေတဲ့သူကျထပ်ပေးတယ်။ဘယ် လိုလဲပေါ့။ သေချာထောက်ရှုကြည့်တော့ဘုရားသခင် မှန်တယ်။ အားလုံးကိုအခွင့်ရေးပေးခဲ့တာပဲ။ တန်ဖိုးထားတဲ့သူကရှိတဲ့အရာလေးနဲ့ ကြိုးစားတယ်။ သစ္စာရှိတယ်။ ယုံကြည်ရတယ်။ ချစ်တတ်တဲ့နှလုံးသားရှိတယ်။ တန်ဖိုးမသိတဲ့သူက အားမစိုက်ဘူး။ ပျင်းတယ်။ လိမ်ညာလှည့်ဖြားတယ်။ ကြောက်စိတ်တွေနဲ့ ပြည့်တယ်။ နောက်ဆုံးအချိန်ခရစ်တော်ပြန်လာတဲ့အခါ ကျွန်ုပ်တို့အားလုံးစာရင်းရှင်းရမယ်။ ကိုယ်ဟာဘုရားကျေးဇူးတော်ကိုတန်ဖိုးထားပြီး တိုးပွားစေသလား။ ဒါမှမဟုတ်တန်ဖိုးမသိပျင်းရိပြီး ဖြုန်းတီးနေလား။ဘယ်လိုစာရင်းရှင်းကြမလဲ။

Daily Reflection