Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-02-26 06:19:32
#ဖေဖော်ဝါရီလ (၂၇) ရက် / စနေနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၅း၄၃-၄၈)
#Bro. Raphael (MS)
Posted by M Sulatthtwe
ဒီကနေ့ ရှင်မာတေဦးကျမ်းစာထဲမှာ ရန်သူကို ချစ်ရမဲ့အကြောင်းကို သွန်သင်ထားတာ တွေ့ရပါတယ်။ “အသက်တစ်ရာမနေရ အမှုတစ်ရာ ကြုံရတတ်၏” ဆိုတဲ့စကားအတိုင်း လူတိုင်းလူတိုင်းမှာ အသက်အရွယ်အလိုက် အခက်အခဲ ပြသနာအမျိုးမျိုးနဲ့ ဘဝကို ဖြတ်သန်းနေကြရတဲ့ လူတွေချည်းပါပဲ။ ကလေးတွေမှာလည်း ကလေးအလျောက်၊ လူငယ်တွေမှာလည်း လူငယ်အလျောက်၊ လူကြီးတွေမှာလည်း လူကြီးအလျောက် အခက်အခဲ တစ်မျိုးစီနဲ့ပါပဲ။ ဒီလိုအခက်အခဲတွေကိုယ်စီ ကြားထဲကနေ တစ်ပါးသူကို ချစ်တတ်အောင်၊ ချစ်နိုင်အောင် ကျွန်ုပ်တို့တွေ ဘယ်လိုကြိုးစားကြမလဲ။ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်အစွမ်းအစ တစ်ခုတည်းနဲ့တော့ တတ်နိုင်မှာ မဟုတ်ပါဘူး။ သခင်ခရစ်တော်အားဖြင့်သာလျှင် ကျွန်ုပ်တို့ စွမ်းဆောင်နိုင်မယ်ဆိုတာ မလွဲဧကန်ပါပဲ။ တစ်ပါးသူကို မချစ်တတ်ခင် အရင်ဆုံး ကျွန်ုပ်တို့ မိမိကိုယ်ကိုယ်မိမိ ချစ်တတ်ဖို့ လိုပါတယ်။ မိမိကိုယ်ကို ချစ်တတ်မှ တစ်ပါးသူကိုလည်း ချစ်တတ်မှာပါ။ တစ်ပါးသူဆိုတဲ့နေရာမှာ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ မိဘ၊ ညီအစ်ကိုမောင်နှမတွေ၊ နောက်ပြီး သူငယ်ချင်း မိတ်ဆွေတွေ စသဖြင့် အဆင့်ဆင့် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ချစ်တတ်လာနိုင်ဖို့အတွက် “အချစ်ကိုရှာရင် အချစ်ကိုတွေ့မယ်၊ အပြစ်ကိုရှာရင်တော့ အပြစ်ကိုပဲတွေ့မယ်” ဆိုတဲ့ “အချစ်နဲ့အပြစ် ” သီချင်းလေးထဲကအတိုင်း ကျွန်ုပ်တို့အနေနဲ့ အချစ်နဲ့အပြစ်ကို ကွဲကွဲပြားပြား သိရှိထားရမှာ ဖြစ်ပါတယ်။ သင်ဟာ တပါးသူအပေါ် မကြာခဏ အပြစ်ရှာတတ်တဲ့ သူတစ်ယောက် ဖြစ်နေပီဆိုရင် အခုချိန်ကစပြီး မိမိကိုယ်ကိုမိမိ စတင်ပြုပြင်လိုက်ပါ။ သခင်ခရစ်တော်ကို ရင်ဝယ်ပိုက်ပြီး သင့်ရဲ့ ဘဝကို အကောင်းဆုံး ကြိုးစားကြည့်လိုက်ပါ။ ဘုရားရှင်ပေးထားတဲ့ ဤဘဝအသက်တာ ရှင်သန်ချိန်လေးကို တပါးသူ အပေါ်မှာ ချိုသာသောစကားများဖြင့်သာ ပြောဆိုဆက်ဆံနိုင်ရန်၊ မေတ္တာစိတ်ထားနိုင်ရန်နှင့် လိုအပ်သော ဆုကျေးဇူးများကို တောင်းခံသွားကြပါစို့…….
 
#Bro. Raphael (MS)
Daily Reflection