33rd Week in Ordinary Time, Thursday.
23.11.2023 - ၂၀၂၃ နိုဝင်ဘာလ (၂၃) ရက်၊ ၃၃ ကြိမ်မြောက် သာမန်ကာလ ကြာသပတေးနေ့
Luke 19: 41-44- ရှင်လုကာ ၁၉း၄၁-၄၄
Reflection by Rev. Fr. Paschal Thi Ko Shin သီကိုရှင်း (SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
မနုဿ မျက်ရည်
ခရစ်တော်ကဒီနေ့ကျမ်းစာထဲမှာ ဂျေရုဆလင်မြို့ကြီးကိုကြည့်ပြီး ငိုကြွေးမျက်ရည်ကျပါတယ်။ ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ် ဒီနေ့ကျမ်းစာနဲ့တိုက်ဆိုင်လို့ပြန်ရေးတင်လိုက်ပါတယ်။မျက်ရည်ဆိုတာပျော့ညံ့သူတွေရဲ့ပွဲတတ်ဝတ်စုံလှည့်စားသူတွေရဲ့ နှလုံးသားအထာဣတ္ထိယတွေရဲ့ မာယာလက်နက်အမျိုးမျိုး ကင်ပွန်းတပ်သမုတ်ကြပေမဲ့မနုဿမှန်ရင် မျက်ရည်ကျတာ အဆန်းမှ မဟုတ်တာ။နှလုံးသားရှိတယ်၊ခံစားတတ်တယ်နာကျင်တဲ့အခါငိုကြွေးရတယ်ဝမ်းနည်းတဲ့အခါမျက်ရည်ခတယ်ပျော်ရွှင်တဲ့အခါ ပီတိမျက်ရည်ဝဲလို့မှားတဲ့အခါ နောင်တနှင့်မပြိုင်မျက်ရည်ဖြိုင်ပြန်တယ်။မျက်ရည်မကြွေချင်၊ဆပ်ဖြေမနေချင်ဘဲနဲ့တော့အရှက်ပြေ ငါမပြုံးချင်ဘူး။ယောက်ျားတန်မဲ့ကျခဲ့တဲ့မျက်ရည်တွေသက်သေထူစတမ်းဆိုရင်ငါ့နှလုံးသားမှချောင်းစီးနေတာကိုပဲကြည့်တော့အဲ့ဒီချောင်းကနေ အဟောင်းတွေမကောင်းတာတွေဆေးကြောလွှင့်ပစ်အသစ်သစ်တွေနဲ့ဘဝသစ်ကို ဖန်တီးနေတာမို့ငါ့အတွက်တော့မျက်ရည်ဟာတန်ဖိုးမမဲ့ဘူး။လူမှန်ရင်ဘဝရဲ့တစ်ထောင့်တစ်နေရာ၊အပြောင်းအလဲအချိုးအကွေ့တစ်ခုမှာတော့ မျက်ရည်ကျပါတယ်။ အဓိပ္ပါယ်အမျိုးမျိုးနဲ့ကျတဲ့မျက်ရည်တိုင်းဟာ သူ့တန်ဖိုးနဲ့သူ ရှိကြတာပါပဲ။ ဂျေရုဆလင်မြို့ကြီးအတွက်ယေဇူးဘုရားကျတဲ့မျက်ရည်ကတော့ ယူကြုံးမရတဲ့ မျက်ရည်ဖြစ်ပါတယ်။ သူကိုယ်တိုင်လောကထဲဆင်းကြွလာပြီး ကယ်တင်ခြင်းကိုပေးတယ်။ သမ္မာတရားကိုဟောတယ်။ ပျက်ဆီးခြင်းမှကယ်တင်ဖို့ မေတ္တာတွေအပြည့်နဲ့ကမ်းလှမ်းခဲ့ပေမဲ့ မေတ္တာကို လက်မခံဘဲ စေတနာကိုပါးရိုက်ဝေဒနာကိုအလျားလိုက် သင်္ဂြိုလ်မပစ်ခင်မနုဿဆန်တဲ့မျက်ရည်စက်တွေကျဆင်းပြိုခဲ့ရတယ်။မိဘမေတ္တာကို မသိတတ်တဲ့သားသမီးတွေကြောင့် မိဘတွေငိုရသလို ဘုရားမေတ္တာကို မသိတတ်သူတွေကြောင့် ဘုရားရှင်ဟာငိုကြွေးတော်မူတယ်။ ကားတိုင်လမ်းမှာဂျေရုဆလင်မြို့ကအမျိုးသမီးတွေငိုတော့ ငါ့အတွက်မငိုနဲ့တဲ့။ ဒါပေမဲ့ ဘုရားက တို့အတွက် ငိုပေးတယ်။ မှားနေတဲ့လမ်းတွေအတွက် တို့ မငိုကြပေမဲ့ဘုရားငိုနေတယ်ဆိုတယ်ကိုမမေ့ပါနဲ့။ မနုဿဆန်တဲ့မျက်ရည်စက်တိုင်းဟာတန်ဖိုးရှိလှပါတယ်။