Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-11-25 06:10:06

Solemnity Christ the King ,ခရစ္စတူးဘုရင်ပွဲနေ့ကြီး
26.11.2023 - ၂၀၂၃ နိုဝင်ဘာလ (၂၆) ရက်၊
Matthew 25:31-46 - ရှင်မာတေးဦး ၂၅: ၃၁-၄၆
Reflection by Rev. Fr. Paschal Thi Ko Shin သီကိုရှင်း (SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

တစ်ပတ်တနင်္ဂနွေနေ့ဟာဝတ်ပြုကိုးကွယ်ခြင်းနှစ်ရဲ့ နောက်ဆုံးတနင်္ဂနွေနေ့ဖြစ်သလို၊ခရစ္စတူးဘုရင်ပွဲနေ့ကြီးလည်းဖြစ်ပါတယ်။ဒီဝတ်ပြုကိုးကွယ်ခြင်းနှစ်က အဆုံးသတ်ပါပြီ။ဒီနေ့ကျင်းပတဲ့ခရစ္စတူးဘုရင်ပွဲနေ့ကို ပုပ်ရဟန်းမင်းကြီး ၁၁ကြိမ်မြောက်ပီဦး အရှင်သူမြတ်က နိုင်ဆီးညီလာခံကောင်စီ ၁၆ ရာစုပြည့် ဂျူဗီလီနှစ်အဖြစ်၁၉၂၅ ခုနှစ်ကနေစတင်ကျင်းပလာခဲ့ပါတယ်။ခရစ်တော်သခင်ဟာ ဘုရင်တကာတို့ရဲ့ ဘုရင်ဖြစ်ပါတယ်။ ခရစ်တော်ကိုယုံကြည်တဲ့ကျွန်ုပ်တို့တွေဟာ ခရစ်တော်ရဲ့အုပ်ချုပ်စိုးမိုးခြင်းကိုခံယူရမယ့် နိုင်ငံသားတွေဖြစ်ပါတယ်။ဘုရားသခင်သာလျှင်တစ်ဦးတည်းသောဘုရင်ဖြစ်ပါတယ်။ ဒါကြောင့် မိမိရွေးကောက်ထားတဲ့အီစရာအဲလ်လူမျိုးတွေကိုလောကီဘုရင်မပေးလိုဘဲဘုရားသခင်သာဘုရင်အဖြစ်အုပ်စိုးဖို့ အလိုတော်ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်းအီစရာအဲလူမျိုးတွေက လောကီဘုရင်ကိုတောင်းကြတယ်။ သူတို့ရဲ့တောင်းဆိုမှုကို လိုက်လျောပြီး လောကီဘုရင်ကို ရွေးကောက်ပေးခဲ့ပါတယ်။ ဒီလောကီဘုရင်တွေဟာ သစ္စာမရှိကြ ဘူး။ ဖောက်ပြန်ကြတယ်။ မပြည့်စုံကြဘူး။ မိမိရဲ့လက်အောက်ငယ်သားတွေအပေါ် မေတ္တာနဲ့တရားမျှတစွာမအုပ်ချုပ်ကြဘူး။ အဲ့ဒီတော့ဘုရားသခင်ကသူ့လူမျိုးတွေကိုသူကိုယ်တိုင်ပဲ ပြန်လည်အုပ်ချုပ်ချင်ခဲ့တယ်။ပထမကျမ်းစာမှာကြားနာရသလိုပဲ သိုးထိန်းကသိုးတွေကို စောင့်ရှောက်ထိန်းသိမ်းသကဲ့သို့ငါကိုယ်တိုင်ငါ့သိုးတွေကိုပြုစုစောင့်ရှောက်မယ်လို့မိန့်တော်မူခဲ့ပါတယ်။ဘုရားရှင်ကအုပ်စိုးမှုမှာ ကျွန်ုပ်တို့ဘဝဟာလုံခြုံစိတ်ချနိုင်ပါတယ်။ဘုရားရှင်ကိုဘုရင်အဖြစ်လက်ခံပြီးအုပ်စိုးခွင့်ပြုရပါမယ်။ဘုရားရှင်ရဲ့အုပ်စိုးခြင်းဟာလောကီအာဏာစက်နဲ့အုပ်ချုပ်ခြင်းမျိုးမဟုတ်ဘဲ ကောင်းကင်တန်ခိုးနဲ့ အုပ်ချုပ်မှာ ဖြစ်ပါတယ်။ ခရစ်တော်ဘုရားရှင်ဟာ သူများနဲ့မတူ ထူးခြားတဲ့ ရှင်ဘုရင်တစ်ပါးဖြစ်ပါတယ်။ ရှင်ဘုရင်လို့ပြော ရင် ဘုရင်ရဲ့အဆောင်အယောင်တွေလည်း ရှိရပါမယ်။ခရစ်တော်ဘုရားရဲ့ပလ္လင်တော်ကလက်ဝါးကားတိုင်ကြီးဖြစ်တယ်။သူ့ရဲ့သရဖူကကျောက်မျက်ရတနာတွေနဲ့စီခြယ်ထားတာမဟုတ်ဘဲဆူးဗောင်းတွေနဲ့ ရစ်ခွေထားတာဖြစ်တယ်။သူ့ရဲ့သန်လျက်ကတော့ လက်ဖဝါးထဲက သံမကြီးတွေပဲဖြစ်တယ်။ ဒီလိုမျိုးလက္ခဏာတွေရှိတဲ့ ဘုရင်ရဲ့ အုပ်စိုးခြင်းကို ခံယူမယ် ဆိုရင် ကျွန်ုပ်တို့လည်း သူ့အတိုင်း လိုက်ကျင့်ရပါမယ်။ သူပြောတဲ့စကားကို နာခံရပါမယ်။ ငါ့နောက်သို့လိုက်လိုလျှင် မိမိလက်ဝါးကားတိုင်ကိုထမ်း၍လိုက်လျှောက်ရမယ်လို့မှာကြားခဲ့ပါတယ်။ ဒီဘုရင်ရဲ့နိုင်ငံတော်မှာကျင့်သုံးတဲ့ ဥပဒေကတစ်ခုထဲပဲရှိတယ်။အဲ့ဒါကမေတ္တာပညတ်တော်ပါပဲ။ဒီပညတ်တော်ကို လိုက်ကျင့်လား။ချိုးဖောက်လားဆိုတာကိုတစ်ရက်ကျရင်စီရင်ဆုံးဖြတ်ခြင်းခံရမှာပါ။ခရစ်တော်ဘုရင်ဟာ ချစ်ခြင်းမေတ္တာရှင်ဖြစ်ပါတယ်။တရာမျှတပြီးကရုဏာနဲ့ပြည့်စုံတဲ့ရှင်ဘုရင်ဖြစ်ပါတယ်။ ခရစ်တော်ဘုရားကိုကျွန်ုပ်တို့ရဲ့ဘုရင်အဖြစ်သတ်မှတ်ခံယူတယ်ဆိုရင်ဒီဘုရင်ရဲ့သြဇာကိုနာခံရမယ်။ ဒီဘုရင်ကိုအုပ်စိုးခွင့်ပြုရပါမယ်။ကျွန်ုပ်တို့ဘဝကိုဘယ်အရာတွေကအုပ်စိုးမင်းမူနေလဲဆိုတာ ပြန်လည်ထောက်ရှုရင်းစစ်မှန်ပြီးတရားမျှတတဲ့မေတ္တာဘုရင်ရဲ့အုပ်စိုးခြင်းအောက်မှာမိမိတို့ဘဝအသက်တာကိုထားရှိပြီးလျှောက်လှမ်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

 

Daily Reflection