Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-11-27 01:37:36

28.11.2023 – 34th Tuesday in Ordinary Time
၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ (၂၈)ရက်၊၃၄ ကြိမ်မြောက်သာမန်ကာလ၊ အင်္ဂါနေ့
Luke 21:5-11 - ရှင်လုကာ၂၁း၅-၁၁
Reflection Rev. Fr. Paschal Thi Ko Shin, SDB
Posted by Sr. Benedetta Myat Hnin Nwe (ISR)

အသက်ရှင်ဖို့ အချိန်အနဲငယ်ပဲ ကျန်တော့တယ်ဆိုတာကို သိရင်သင်ဘာလုပ်မှာလဲ”ဒီမေးခွန်းကို ကျနော် မေးခဲ့ဖူးပါတယ်။အဖြေကလည်း အမျိုးမျိုး၊ တုန့်ပြန်ချက်တွေကမတူညီကြဘူး။“အာပတ်ဖြေ၊ ကိုယ်တော်မြတ်ပင့်ပြီးဝိညာဉ်ရေးရာပြင်ဆင်မယ်” “မိဘ ညီအစ်ကို
မောင်နှမတွေကိုနောက်ဆုံးအကြိမ်လေး သွားရောက်နူတ်ဆက်ချင်တယ်” “အလှူအတန်းလေးတွေကုသိုလ်လေးတွေပြုမယ်”စသဖြင့် အဖြေအမျိုးမျိုး ပေးကြတယ်။တကယ်တော့ ဒီမေးခွန်းကိုရဟန္တာဂျွန်ဘော့စကိုကသူ့ရဲ့လူငယ်လေးတွေကစားနေတဲ့အချိန်မှာ မေးခဲ့တာပါ။ တခြားသော
လူငယ်လေးတွေကဝိညာဉ်ရေးရာပြင်ဆင်မယ်ဆိုတဲ့အဖြေကိုပဲပေးခဲ့ကြပေမဲ့ရဟန္တာဒေါမိနစ်ကိုဆာဗီယိုက“ကျနော်ဆက်ကစားပါမယ်”လို့ဖြေခဲ့တယ်။ ဒေါမိနစ်ဆာဗီယိုက သူ့ဝိညာဉ်အတွက်မပြင်ဆင်ချင်လို့လား။ မဟုတ်ပါဘူး။ အမြဲတမ်းပြင်ဆင်ထားပြီး အသင့်ဖြစ်နေလို့ပါ။
အဆင်သင့်ဖြစ်နေတဲ့သူ့အတွက်နောက်ဆုံးအချိန်ဆိုတာထိတ်လန့်ဖွယ်မဖြစ်ခဲ့ပါဘူး။အသင်းတော်ရဲ့ဝတ်ပြုကိုးကွယ်ခြင်းနှစ်ကအဆုံးပိုင်းကိုရောက်ရှိလို့လာပါပြီ။ မကြာခင်မှာ အာဒ်ဝင်တူးကာလစတော့မယ်။ အသစ်မစခင်မှာအဆုံးသတ်ကို ပြန်ထောက်ရှုဖို့ အသင်းတော်က ကျနော်တို့
အားလုံးကို ပြင်ဆင်ပေးနေတယ်။ နောက်ဆုံးသော အချိန်ဆိုတာ တကယ်ရောက်လာမယ့် အမှန်တရား တစ်ခုပါ။အရာရာတိုင်းက အဆုံးသတ်ဆိုတဲ့ အချိန်ကို မလွဲရောက်ရှိလာမှာပဲ။ လူတွေမွေးဖွားခြင်းနဲ့စခဲ့တယ်။ သေခြင်းနဲ့ အဆုံးသတ်တယ်။ အရာအားလုံးရဲ့ အဆုံးဆိုတာတစ်နေ့ ရှိလာမှာပါ။
ဘယ်အရာမှ မတည်မြဲတဲ့အနိစ္စတရားသဘောကိုနားလည်ဖို့ လိုပါတယ်။ ဧဝံဂေလိကျမ်းစာမှာယေဇူးဘုရားရှင်က နောက်ဆုံးသောနေ့ရက်မှာဖြစ်ပျက်မယ့် အကြောင်းရာတွေကို ကြိုတင်မိန့်ကြားထားပါတယ်။ နေမင်းအလင်းကွယ်ပြီး အမှောင်ကြီး စိုးမိုးလိမ့်မယ်။ကောင်းကင်ကြယ်တွေ ပျက်ကျပြီး တုန်လှုပ်ခြောက်ခြားကျလိမ့်မယ်။ စစ်တွေဖြစ်မယ်။
အစာတွေရှား၊အနာတွေများ၊ ဘေးဒုက္ခတွေရင်ဆိုင်ရလိမ့်မယ်၊ညှင်းပမ်းနှိပ်စက်ခြင်းတွေရင်ဆိုင်ရလိမ့်မယ်ဆိုပြီး ဖြစ်လတ္တံ့သော အရာတွေကိုကြိုတင် သတိပေးထားတယ်။ ယနေ့ခေတ်အချိန်မှာလည်းသခင်ယေဇူးမိန့်ကြားခဲ့တဲ့သတိပေးစကားတွေကို နေရာနဲ့အလွှား ကြုံတွေ့နေရ တယ်။ စစ်တွေဖြစ်နေကြတယ်။
သဘာဝဘေးတွေ ရင်ဆိုင်နေကြရတယ်။ကမ္ဘာကြီးအဆိပ်သင့်ပြီး ဒဏ်ရာတွေနဲ့ ပျက်စီးနေတယ်။နောက်ဆုံးသော အချိန်ဆိုတာ တကယ်ပဲ ရောက်လာပြီလား။ အရာရာ တိုင်းဟာ နောက်ဆုံးအချိန်ရှိသလိုကျနော်တို့အတွက်လည်း နောက်ဆုံးအချိန်ဆိုတာ ရှိလာမှာပဲ။ မသေချာတဲ့ အဆုံးသတ်
ကို လက်တစ်ကမ်းမှာ ရောက်ရှိနေပြီဆိုရင်ကျနော်တို့တွေဘာလုပ်ကြမလဲ။ အထက်ကအဖြစ်ပျက်ထဲကမေးခွန်းလိုမျိုး ကိုယ့်ကိုကိုယ်မေးကြည့်ပါ။ ရှင်သန်ဖို့နဲနဲပဲအချိန်ရှိတော့တဲ့အခါမှာသင်ဘာလုပ်မှာလဲ။ပထမအချက်နေနဲ့ဖြစ်ပျက်သမျှအရာတွေကို ဆန်းစစ်လေ့လာပါ။ အချိန်အခါက ပြောတဲ့အရာကို နားထောင် တတ်ဖို့လိုတယ်။
ဘယ်အရာမှမတည်မြဲဘူး မှန်တယ်။ ဒါပေမဲ့တည်မြဲတဲ့တရားသဘောကိုတည်မြဲခြင်းသဘောတရားကနေမြင်အောင်ကြည့်ပါ။ ထာဝရတည်မြဲတာဘုရားသခင်တစ်ပါးတည်းသာရှိပါတယ်။ဒုတိယအချက်အနေနဲ့အနတ္တလို့ခေါ်တဲ့ အစိုးမရခြင်း သဘောတရားကို သိဖို့လိုတယ်။ဘယ်အရာမှ ကိုယ်မပိုင်ပါဘူး။ ကိုယ့်ကိုကိုယ်လည်း မပိုင်၊ သူများကိုလည်းမပိုင်ဆိုင်ပါဘူး။
လောကကြီးကိုလည်း မပိုင်ဆိုင်ပါဘူး။ ဒီတော့မတည်မြဲတဲ့အရာတွေကိုတွယ်တာတပ်မက်နေရင်အဆုံးသတ်မှာနိဂုံး မလှနိုင်ဘူး။မိမိကိုယ်တောင်မိမိမပိုင်ဆိုင်တာမို့အချိန်ရှိတုန်းအများနဲ့ဝေမျှပါ။ အပြောင်းလဲတွေကြားက မပြောင်းလဲတဲ့ဘုရားကိုမြဲမြံစွာ ယုံကြည်မျှော်လင့်ချက်ထားပါ။ ပြီးတော့မိမိလုပ်ဆောင်ရမယ့် အရာကိုအကောင်းဆုံး
ပူဇော်ဆက်ကပ်ပါ။ ဒါဆိုရင် တစ်နေ့ကြုံတွေ့ရမယ့်အဆုံးသတ်ချိန်မှာအဆင်သင့်ဖြစ်နေကြလိမ့်မယ်။အဆုံးကအရှုံးမဟုတ်ဘူး။ အပြုံးလေးနဲ့ ပြင်ဆင်စောင့်ကြိုဖို့ပဲ လိုတာပါ။
Daily Reflection