Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-11-29 06:42:00

34th  Week in Ordinary Time, Thursday
30.11.2023 - ၂၀၂၃ နိုဝင်ဘာလ (၃၀) ရက်၊ ၃၄ ကြိမ်မြောက် သာမန်ကာလ ကြာသပတေးနေ့
Matthew 4: 18-22- ရှင်မာတေးဦး ၄း၁၈-၂၂
Reflection by Rev. Fr. Paschal Thi Ko Shin သီကိုရှင်း (SDB)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

*လူကိုမျှားသောကိုတံငါ*နိုဝင်ဘာလ ၃၀ ရက်နေ့ဟာတော်ကြီး ရှင်အန်ဒြူးရဲ့ပွဲနေ့ဖြစ်ပါတယ်။ တမန်တော်ကြီး ၁၂ ပါးထဲက တစ်ပါးအပါဝင်ဖြစ်ပြီး ရှင်ပေတရုနဲ့ ညီအစ်ကိုတော်စပ်ပါတယ်။ မိသားစုအသက်မွေးဝမ်းကျောင်းဖြစ်တဲ့တံငါသည်အလုပ်ကိုပဲလုပ်ကိုင်ကြတယ်။ ခရစ်တော်ဘုရားရှင်ရဲ့ ငါ့နောက်သို့လိုက်ကြလော့ဆိုတဲ့ဖိတ်ခေါ်သံကိုကြားတဲ့အခါမှာ မဆိုင်းမတွဘဲလုပ်နေတဲ့ အလုပ်တွေ မိသားစုတွေကို ထားခဲ့ပြီး ချက်ချင်းလိုက်ခဲ့ပါတယ်။ သူ့မှာ ပြတ်သားနာခံတတ်တဲ့ စိတ်သဘောကို တွေ့ရပါတယ်။ခရစ်တော်ရဲ့ ဖိတ်ခေါ်သံကိုကြားပြီး လိုက်ခဲ့တယ်။ ရတနာတစ်ခုကို ရှာဖွေတွေ့ရှိသလိုဝမ်းသာအားရနဲ့ သူများနဲ့ သွားပြီးတော့ဝေမျှခဲ့တယ်။ခရစ်တော်ကသူတို့ ရှာဖွေနေတဲ့သူမှန်းသိလိုက်ရတဲ့အခါပျော်ရွှင်ရတဲ့ဝမ်းသာခြင်း ကို ဖော်ထုတ်ခဲ့တယ်။ ငါတို့ကယ်တင်ရှင် မက်ဆီးယားကို တွေ့ပြီ ဆိုပြီး ပေတရုကို ပြောခဲ့တယ်။ သတင်းကောင်းကို နီးစပ်သူကို လက်ဆင့်ကမ်း မျှဝေရင်း နယ်ခြားမြေခြား ခြေဆန့်ပြီးတော့လည်း ဧဝံဂေလိသတင်းကောင်းတော်ကို အသက်ထက်ဆုံး ဖြန့်ဝေပေးခဲ့တဲ့ တမန်တော်ကြီးလည်းဖြစ်ပါတယ်။ ခရစ်တော်ဘုရား မိန့်မှာခဲ့သလိုပဲ တမန်တော်ကြီး အန်ဒြူးဟာလူကို ဖမ်းတဲ့ ဘုရားရဲ့ တံငါသည်ကြိးဖြစ်ခဲ့ပါတယ်။ဒီလိုမျိုး စွမ်းစွမ်းတမံ သာသနာပြုခဲ့တဲ့ တပည့်တော်ကြီး အန်ဒြူးက ဂရိကားတိုင်ပုံစံ ကြက်ခြေခတ်ပုံစုံအတိုင်းကားတိုင်တင်သတ်ခံရပြီး ဓမ္မအာဇာနည်ဖြစ်ခဲ့ပါတယ်။ တပည့်တော်ကြီး အန်ဒြူးကို မြှပ်နှံထားတဲ့ အုပ်ဂူကနေ အင်မတန် မွှေးပျံလှတဲ့ ရေမွှေးနံ့သာဆီတစ်မျိုး စီးဆင်းခဲ့ဖူးတယ် လို့ ရဟန္တာများရဲ့ အံ့သြဖွယ်တန်ခိုးလက္ခဧာများစာအုပ်မှာဖော်ပြထားပါတယ်။ နှစ်ပေါင်းများစွာကြာလာသည့်တိုင်အောင်သူ့အုပ်ဂူမှရေမွှေးနံ့သာဆီဟာဘုရားကျောင်းတစ်လျှောက် မွှေးပျံ့နေခဲ့ပါတယ်။ သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို ဂရိကနေ ကွန်စတန်တီးနိုမြို့က ပြောင်းရွှေ့လိုက်ပေမဲ့ လည်း မွှေးရနံ့ကတော့ သင်းနေဆဲပါပဲ။ တဖြေးဖြေး ရာစု တစ်ခုလောက် ကြားလာတဲ့အခါမှာ ရေမွှေးနံ့သာဆီဟာ အဖြူရောင်အခဲလေးတွေ အဖြစ်ပြောင်းသွားခဲ့ပါတယ်။ အဲ့ဒီအဖြူခဲလေးနဲ့ မျက်မမြင်တစ်ယောက်ကို တို့ထိလိုက်တဲ့အခါမျက်မမြင်က အလင်းပြန်ရခဲ့ပါတယ်။တမန်တော်ကြီး ရှင်အန်ဒြူးဟာ ကွယ်လွန်သွားပြီးသော်လည်း တန်ခိုးလက္ခဏာတွေဆက်လက် ပြသနေတုန်းပါပဲ။ လူပေါင်းများစွာ ကုသခြင်းတွေခံစားရတယ်။ ဘုရားရှင်ထံ ပြန်ရောက်လာကြတယ်။ ကွယ်လွန်ပြီးသော်လည်း ဘုရားသခင် ရဲ့တံငါသည်ကြီးအဖြစ်နဲ့ လူတွေကို ဆက်လက်မျှားနေတုန်း၊ ဖိတ်ခေါ်နေတုန်းပါပဲ။ ဘုရားသခင်နဲ့ လူတွေကို သိကျွမ်း ရင်းနှီးလာဖို့ လူတွေ ဘုရားရှင်ထံ ရောက်လာဖို့ကသူ့ဘဝရဲ့ ခေါ်တော်မူခြင်းပဲ ဖြစ်ခဲ့တယ်။ ရှင်အန်ဒြူးကို ကျွန်ုပ်တို့လည်း အတုယူစံထားကြရပါမယ်။ မိမိ အသက်ရှင်တဲ့ နေရာ၊ ပတ်ဝန်းကျင်းအသိုင်းအဝိုင်းမှာ ဘုရားသခင်ခေါ်ထားတဲ့ ဘဝအခြေ အနေနဲ့ ဘုရားရှင်ကို လူတွေ ပိုပြီးသိလာဖို့ ကြိုးစားအားထုတ်ကြရမှာဖြစ်ပါတယ်။ ရှင်အန်ဒြူးလိုမျိုး မိမိရဲ့ ဘဝအသက် တာအားဖြင့် လူအများကို ဘုရားရှင်ထံ ခေါ်ဆောင်လာနိုင်တဲ့သူတွေဖြစ်အောင် ကြိုးစားအားထုတ်ကြပါစို့။

Daily Reflection