1.12.2023 – 34th Friday in Ordinary Time
၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ (၁)ရက်၊ ၃၄ ကြိမ်မြောက်သာမန်ကာလ၊ သောကြာနေ့
Luke 21: 29-33 - ရှင်လုကာ ၂၁း၂၉-၃၃
Reflection by Rev. Fr. Cyril Poh Cho (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ထောက်ရှုချက်LUKE 21:29-33. When you see these thigs happening, know that the Kingdom of God is near.ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အရာသည် ဘုရားသခင်၏ အလိုတော်ကိုဆောင်ရွက်ရန် ဖြစ်သည်။ ကျွန်ုပ်တို့ ဖြစ်ချင်သော အလိုဆန္ဒများကို ဒုတိယနေရာမှာ ထားဖို့လိုအပ်ပါတယ်။ ကျွန်ုပ်တို့ယုံကြည်ကိုးကွယ်သော ခရစ်တော်ကိုယ်တိုင် နောက်ဆုံးည ဂျေဆေမာနီဥယျာဥ်၌ ဆုတောင်းချိန်တွင်လည်း ထိုကဲ့သို့လုပ်ဆောင်ရန် ကျွန်ုပ်တို့တစ်ဦးစီကို သင်ကြားပေးခဲ့သည်။“အိုအဖအလိုတော်ရှိလျင် ဤခွက်ကိုကျွန်ုပ်မှဖယ်လွဲပေးတော်မူပါ။သို့သော်လည်း ကျွန်ုပ်အလိုအတိုင်းမဖြစါပါစေနှင့်။ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်ပါစေ။ဟု”ဆုတောင်းတော်မူခဲ့၏။ လုကာ ၂၂း၄၂-၄၄၊ယေဇူးအသင်း၏ဆောင်ပုဒ်မှာဘုရားသခင်၏ ဘုန်းဂုဏ်တော်ကိုထင်ရှားရန်ဖြစ်သည်။ ‘Ad majorem Dei Gloriam’ ( For the greater glory of God.) ကျွန်ုပ်တို့အလုပ်လုပ်သောအခါ ဘုရား၏အလိုတော်၊ဘုရား၏ဘုန်းဂုဏ်တော် ထင်ရှားစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်တို့အားလုံးသေးငယ်သော၊အပြစ်ရှိသော၊မထိုက်တန်သော ဖန်ဆင်းခံသတ္တဝါများဖြစ်ကြသည်။ ဘုရားအလိုတော်ဆောင်ရန် မလွယ်ကူပါ။ သို့သော်မဖြစ်နိုင်သောအရာလည်းမဟုတ်ပါ။ ကျွန်ုပ်တို့ ရက်ရောစွာဆက်ကပ်လုပ်ဆောင်လျှင်ဘုရား၏ ကျေးဇူးတော်များသည်တို့ကို ကူညီရန်အသင့်ရှိနေမည်ဖြစ်သည်။ဘုရား၏အလိုတော်ကိုဆောင်ရွက်ရန် ပထမ ဘုရားကိုသိနားလည်ရန်၊ ဒုတိယ ကိုမိမိကိုယ်ကိုသိရန်၊တတိယ သိသောအရာကိုလုပ်ဆောင်ရန် ဖြစ်သည်။ဘုရားအလိုတော်ကိုသိရန် အဖြေမှာဆုတောင်းခြင်းဖြစ်သည်။ ခရစ်တော်သည် အမြဲတမ်းဆုတောင်းနေသူဖြစ်သည်။ အလိုတော်ကိုသိပြီး အသက်ရှင်သမျှကာလပတ်လုံး ဘုရားအလိုတော်ကိုကျင့်ကြံနေထိုင်ပြသခဲ့သည်ကိုတွေ့ရှိရသည်။ကျွန်ုပ်တို့တိတ်ဆိတ်ဆုတောင်းချိန်၊ ဘုရားနှင့်စကားပြောချိန်များတွင် သူ၏အလိုဆန္ဒများသည် ကျွန်ုပ်တို့၏ဝိညာဥ်၌ထင်ပေါ်စေပြီးလုပ်ဆောင်သောအရာသည်လည်းအပေါ်အပြင် ထင်ရှားသောလက္ခဏာဖြစ်လာမည်။ ဒုတိယမှာ မိမိအလိုဆန္ဒကိုသိခြင်း တို့လေ့ကျင့်ခန်းအနည်းငယ်လုပ်ရန်လိုအ ပ်သည်။သိရန်မလွယ်ကူပါ။ အတွေးအခေါ်ပညာရှင် ဆို၊က၊ရေးတီးသည်“မိမိကိုယ်ကိုသိပါဟု”ပြောခဲ့သည်။ ထိုသူသည်ပညာရှိသောပုဂ္ဂိုလ်ဟု ပြောခဲ့သည်။ မိမိကိုယ်ကိုကောင်းမွန်သောဘဝ၌အသက်ရှင်၍ အမြဲသတိရှိလေ့လာသုံးသပ်ရန်တိုက်တွန်းနိုးဆော်ခဲ့သည်။တတိယမှာ မိမိသိရှိသောအရာကို လက်တွေ့ဘဝတွင်လုပ်ဆောင်ခြင်း၊ဤ ကြားနာခဲ့ရသောပထမကျမ်း နှင့် ဧဝံဂေလိကျမ်းတို့သည်နောက်ဆုံးသောနေ့ရက်အချိန်ရောက်ရှိရန် နီးကပ်နေသည်ကိုကိုသတိပေးထားသည်။မည်သူ့မှအချိန်နာရီကို မသိကြပေ။ဘုရားသာသိပါသည်။မြင်တွေ့ရသောလက္ခဏာများသည် မိမိတို့နေထိုင်၊စဥ်းစားပုံများကိုသတိရှိရန်နိုးဆော်နေပါသည်။ နောက်ဆုံးသောတရားစီရင်မည့်ရက်အမှန်တကယ်ရောက်လာမည်။ ထိုနေ့အတွက်ပြင်ဆင်ရန် အကောင်းဆုံးသော ဒီနေ့ဖြစ်သည်။ဘုရား၏ အလိုတော်ကိုလုပ်ဆောင်ရင်း ဘုရားကြွလာမည့် အချိန်နေ့ရက်ကိုကောင်းမွန်စွာပြင်ဆင်ရန် အသက်ရှင်သွားကြပါစို့။ အားလုံးအပေါ်ဘုရားသခင်ကောင်းချီးသက်ရောက်ပါစေ။