Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-12-01 09:29:46

2.12.2023 – 34th Saturday in Ordinary Time
၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ (၂)ရက်၊ ၃၄ ကြိမ်မြောက်သာမန်ကာလ၊ စနေနေ့
Luke 21: 34-36 - ရှင်လုကာ ၂၁း၃၄-၃၆
Reflection by Rev. Fr. Cyril Poh Cho (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)

ကျွန်ုပ်တို့လောက မှာနေတဲ့အခါ စိုးရိမ်၊ပူပင် စိတ်ရှုတ်ထွေးစရာများနှင့် ကြုံရသည်မှာမလွဲပေ။ ထိုကဲ့သို့ ဒုက္ခ၊သုခပြည့်နေတဲ့ ကမ္ဘာမှာမည်ကဲ့သို့ ဘုရားသခင်ကြီးမြတ်မှုတွေ ကို “အာလေလုယာ”ကြွေးကြော်နိုင်မည်နည်း။ ဒုက္ခ၊အခက်ခဲများသည်ရှောင်လွဲလို့ မရသောအမှန်တရား တစ်ခုဖြစ်သည် ဟု ဗုဒ္ဓဂေါတမ ကပြောခဲ့သည်။ ဒုက္ခ၊အခက်ခဲများ လွတ်မြောက်ရန် ကြိုးစားရင် နိဗ္ဗာန်ရောက်ရှိသွားသည်ကို လေ့လာသိရှိရသည်။ကျွန်ုပ်တို့ ခရစ်တော်နောက်လိုက် ခရစ်ယာန်များအနေဖြင့်လည်း ဒုက္ခ၊အခက်ခဲများ မည်သို့ကျော်လွှားနိုင်မည်နည်း။ ခရစ်တော်ကိုယ်တိုင်ကားတိုင်ထမ်းရင်း ဒုက္ခများရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည်ကို သိခဲ့ရသည်။ကျွန်ုပ်တို့ဒုက္ခအခက်ခဲများကို ၁၀ ခုချရေး ပြီးပြန်လည်သုံးသပ်ကြည့်ပါ တစ်ခုမျှလောက်တကယ်ဖြစ်လာနိုင်သည်ကိုတွေ့ရမည်။ကျန် ၉ ခု မှာ တကယ်ဖြစ်မလာပေ။ ထို့ကြောင့်စိုးရိမ်ပူပန်ခြင်းသည် ကောင်းကျိုးရလဒ်မပေးနိုင် ပြသာနာ အခက်ခဲများ ပျောက်သွားမည်မဟုတ် ကျွန်ုပ်တို့အသကါလည်း ရှည်သွားမည်မဟုတ်ပါ။ အဓိကအရေးကြီး စွဲကိုင်ထားရမည့်အချက်မှာယနေ့ နှုတ်တော်ထွက်စကားမှပြောသောအချက်သင်တို့သည် ကိုယ့်ကိုယ်ကိုသတိပြုကြလော့။သို့မဟုတ်အစားအသောက်ကျူးခြင်းလောကီစိုးရိမ်ပူပန်လျက်နေစဥ်တွင် ထိုနေ့ရက်  အမှတ်တမဲ့သင်တို့ ကြုံတွေ့ရလိမ့်မည်။ (လုကာ ၂၁း၃၄) အချိန်တိုင်းနေရာတိုင်းသတိ ရှိကြရန် ခရစ်တော် တို့ကို တစ်ဦးစီ သွန်သင်လမ်းပြနေသည်။ အများစုတွင် သတိလက်လွတ် တတ်ကြသည်။ စာရေးသူ၏အစ်ကိုသည်ဆီးချိုသွေးချိုရောဂါဖြစ်နေသည်။ မိခင်တွင်လည်းထိုရောဂါရှိသည်။ ထို့ကြောင့် အစ်ကို့ကိုမေးကြည့်ရာ မျိုးရိုးကြောင့်ဖြစ်တာလား?အစ်ကို သူဖြေသည်မှာ မဟုတ်ပါ သူ့အနေအထိုင် အစားအသောက်ကြောင့်ပါ ဟုဖြေသည်။ သူငယ်စဥ်က အချိုအလွန်ကြိုက်သည်။ လ္ဘက်ရည်၊ ချောကလက် အလွန်စားသုံးခဲ့ သောကြောင့် အသက်ကြီး လာသောအခါထိုရောဂါဖြစ်လာသည်။ အသိ သတိမရှိသောကြောင့်စားသုံးမိခြင်းဖြစ်သည်။ နေ့စဥ်လုပ်သမျှ သေးငယ်စေကာမူသတိဝိရိယ ရှိဖို့လိုပါသည်။သတိသည်အပိုမရှိ¸အမြဲလိုသည်။ ဗုဒ္ဓဘာသာတရားတွင် တိဝိရိယရှိခြင်းကိုအဓိကထားသင်းကြားခဲ့သည်။ သွားလာသတိ၊ပ်သတိအမြဲတမ်းနိုးဆော်သည်။ကျွန်ုပ် ခန္ဓာာကိုယ်အတွက်အဝတ်အထည်အပြစ်သွေးဆောင်ရာသို့ မလိုက်ပါစေပဲ မကောင်းသော အမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ (ရှင်မာဿဲ ၆း ၁၃)အားလုံးအပေါ် ဘုရားသခင်ကောင်းချီးသက်ရောက်ပါစေ။

 

 

Daily Reflection