Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-07 20:29:30
#4th Novemer 2020 Daily Reflection
#St. Charles Borromeo, Bishop
#(နေ့စဉ်ထောက်ရှုချက်များ) (လုကား ၁၄း ၂၅-၃၃)
#စစ္စတာရ် လူစီ ဇာခြည်ဦး (SPS)
#Posted by M. Su Latt Htwe
ယနေ့ ခရစ်တော်သခင်သည် ကိုယ်တော်၏နောက်တော်သို့ လိုက်နေကြသောသူ အားလုံးတို့အား စစ်မှန်သောခရစ်တော်၏ သားကောင်းတပည့်ဖြစ်စေမည့် အခြေအနေကို သွန်သင်ပေးပါသည်။
"ငါ့ထံသို့လာသောသူသည် မိမိ၏မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ညီအစ်ကို၊ မောင်နှမ စသည်တို့ကို ဖြစ်စေ မိမိအသက်ကိုဖြစ်စေ မမုန်းလျှင် ငါ၏တပည့်မဖြစ်နိုင်ရာ။" (လုကာ ၁၄း၂၆)
ခရစ်တော်သခင်နောက်သို့ တပည့်ရင်းခြာသဖွယ် လိုက်လိုသူသည် အဓိကရွေးချယ်ရမည့်အရာကား ခရစ်တော်သခင်သာလျှင်ဖြစ်ပြီး လူသားသဘာဝ ချစ်ခင်တွယ်တာနေရသော မိဘ၊ မောင်နှမ၊ မိသားစုသံယောဇဉ်သည် အဓိက မကျတော့ဘဲ အကောင်းဆုံးသောအရာအတွက် ကောင်းသော အရာများကို ဥပက္ခာပြု စွန့်လွှတ်ရပေမည်။ ခရစ်တော်သခင် ကိုယ်တိုင်လည်း စွန့်လွှတ်ခြင်း၏ စံနမူနာ ဖြစ်ခဲ့ပေသည်ကို သံပေါလူး၏ ဖိလိပိသြဝါဒစာ အခန်းကြီး ၂၊ အခန်းငယ် ၆ မှ ၇ တွင် ပြန်လည် ထောက်ရှုနိုင်ပါသည်။ "ကိုယ်တော်သည် ဘုရားအဖြစ်တော်၌ ရှိသော်လည်း ဘုရားသခင်နှင့် တန်းတူညီတူ အဖြစ်ကို ရယူအပ်သည်ဟု ထင်မှတ်ခြင်းမရှိဘဲ၊ မိမိ၌ ရှိသမျှကို စွန့်လွှတ်ပြီးလျှင် အစေခံဘ၀ကို ယူ၍ လူတို့၏ ပုံသဏ္ဌာန်အတိုင်း မွေးဖွားခြင်းကို ခံတော်မှု၏။"
"မိမိလက်ဝါးကပ်တိုင်ကို မထမ်းဘဲ ငါ့နောက်သို့လိုက်သော သူသည်လည်း ငါ၏တပည့်မဖြစ်နိုင်ရာ။" (လုကာ ၁၄း၂၇)
ဤကျမ်းစကားကို ခရစ်တော်သခင် မိန့်ဆိုနေသည့် အချိန်အခါမှာ ကိုယ်တော်သည် လူသားအားလုံး၏ အပြစ်များအတွက် အသက်အသေခံရန် တပည့်တော်ကြီးများနှင့်အတူ ဂျေရုစလင်မြို့သို့ ဦးတည်သွားနေသည့် အချိန်ဖြစ်ပါသည်။ ဤကျမ်းစကားအားဖြင့် ခရစ်တော်သခင်သည် သူ၏နောက်သို့ နည်းကပ်စွာ လိုက်လိုကြသောသူ အားလုံးတို့အား သူနှင့်အတူ ကားတိုင်ထမ်း၍ အသက်ပေးရန် ဖိတ်ခေါ်နေပါသည်။ ခရစ်တော်သခင် ကိုယ်တိုင်ပင်လျှင် နှိမ့်ချနာခံခြင်းဖြင့် ကိုယ်တော်တိုင် ဒုက္ခစရိယာလမ်း၌ မိမိအသက်ကို တင်ပူဇော်မည့် ကားတိုင်ကိုထမ်း၍ အသက်ပေးခဲ့သည်ကို သံပေါလူးကိုယ်တော်တိုင် ဖိလိပိသြဝါဒစာ အခန်းကြီး ၂၊ အခန်းငယ်၈ တွင် ဖော်ကျူးပေးခဲ့ပါသည်။ "ကိုယ်တော်သည် လူ့အဖြစ်ကို ယူပြီးလျှင် သာမည သေခြင်းမျိုး မဟုတ်ဘဲ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူသည့်တိုင်အောင် နာခံလျက် မိမိကိုယ်ကို နှိမ့်ချတော်မှု၏။"
သံပေါလူးကိုယ်တိုင်ပင်လျှင် ကားတိုင်တော်၏ ချစ်ခြင်းကို ဘဝနှင့် သက်သေပြခဲ့ပြီး ခရစ်တော်၏ စစ်မှန်သော တပည့်တော်ကြီး တစ်ပါးဖြစ်ခဲ့၍ ကျွန်ုပ်တို့အားလုံး အတုယူရမည့် နောက်လိုက်ကောင်း ဖြစ်ပေသည်။ ဂါလားဆီယာ သြဝါဒစာ အခန်းကြီး ၆၊ အခန်းငယ် ၁၄ "ငါတို့၏ ယေဇူးသခင် ခရစ်တော်၏ လက်ဝါးကပ်တိုင်မှလွဲ၍ ငါ၌ အခြားကြွားဝါစရာအကြောင်း မရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်အားဖြင့် ကမ္ဘာလောကသည် ငါ၌ လက်ဝါးကပ်တိုင်တင် ခံရသကဲ့သို့ ငါသည်လည်း ကမ္ဘာလောက၌ လက်ဝါးကပ်တိုင်တင်ခြင်းကို ခံရလေပြီ။"
ခရစ်တော်သခင်သည် ဤနှုတ်ကပါတ်တရားတော်ကို ပုံဥပမာ (၂)ခုဖြင့် ဟောကြားတော်မူပေသည်။ (လုကား ၁၄း၂၈-၃၃)
ပထမပုံဥပမာအား ပြန်လည်သုံးသပ်မည်ဆိုလျှင် ရဲတိုက်ဆောက်လုပ်ရန် ဆန္ဒရှိသူသည် ဆောက်လုပ်ရန် ကုန်ကျစရိတ်ကို မဆောက်လုပ်မည် အချိန်ကပင် ကြိုတင် တွက်ချက်ရပေမည်။ ထိုနည်းအတိုင်းပင် ခရစ်တော် နောက်လိုက်တပည့် ဖြစ်လိုသူတိုင်းသည် ခရစ်တော်၏ နောက်လိုက်ကောင်း ဖြစ်နိုင်၊ မဖြစ်နိုင် မိမိကိုယ်ကို ပြန်လည်သုံးသပ် ဆန်းစစ်ပြီး သက်ဆုံးတိုင် ခရစ်တော်၏ တပည့်နောက်လိုက်ကောင်း ဖြစ်လိုသည့်ဆန္ဒ ဆုံးဖြတ်ချက်ကို ရယူရပေမည်။
ဒုတိယပုံဥပမာ၌ စစ်မက်အရေးနှင့် ရင်ဆိုင်ရမည့် ဘုရင်ကြီးသည် ဆင်ခြင်တုံတရားအားဖြင့် တဖက်ရန်သူကို ရင်ဆိုင်ခဲ့ခြင်းဖြင့် ခရစ်တော်သခင်သည် မိမိ၏ တပည့်ဖြစ်လိုသူများအား အလွန်တန်ဖိုး ကြီးမားလှသော သွန်သင်မှုကို ပေးခဲ့ပါသည်။ ခရစ်တော် နောက်လိုက် တပည့်စစ်၊ တပည့်မှန် ခရစ်ယာန်များသည် အကြမ်းမဖက်၊ စစ်ပွဲမနွှဲ၊ နှုတ်ချို ရွှင်သာ ငြိမ်းချမ်းခြင်း၏ သံတမန်များသာလျှင် ဖြစ်ရပေမည်။
"သင်တို့တွင်လည်း မည်သူမဆို မိမိ၌ရှိသမျှကို မစွန့်လွှတ်လျှင် ထိုသူသည် ငါ၏တပည့်မဖြစ်နိုင်ရာ" (လုကာ ၁၄း ၃၃)
ဤကျမ်းပိုဒ်သည် ခရစ်တော်ရှင်၏ တပည့်ဖြစ်လိုသူတိုင်း နှလုံးသွင်း ရင်ဝယ်ပိုက်ထားရမည့် သွန်သင်မှု ဖြစ်ပေသည်။
ခမည်းတော်ဘုရား ကိုယ်တော်တိုင်ပင် စွန့်လွှတ်ခြင်း၏ စံနမူနာကို ပြခဲ့ပေသည်။ ရှင်ယောဟန် ၃း ၁၆ ၌ "ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသော သားတော်ကို စွန့်သည့်တိုင်အောင် ကမ္ဘာ လောကသားတို့ကို ချစ်တော်မှု၏။
"ကိုယ်တော်ရှင်၏ ချစ်တပည့် ပီသရန်အတွက် ကားတိုင်ကိုထမ်း၊ ခိုင်မာနှလုံးသားနှင့်၊ သက်ပေးစွန့်ရင်း၊ ဘုရားရှင်နှင့် လူသားများကြား သံတမန်များ ဖြစ်စေမူပါ ရှင်ဘုရား၊ အာမင်။
ခရစ်တော်၏အသွေးတော်၌
#စစ္စတာရ် လူစီ ဇာခြည်ဦး (SPS)
Daily Reflection