Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-12-02 05:52:19

3.12.2023 – First Sunday of Advent, St. Francis Xavier Feast day
၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ (၃)ရက်၊ အာဒ်ဝင်တူးကာလ ပထမ တနင်္ဂနွေနေ့
Mk. 13: 33-37 - ရှင်မာတေးဦး ၁၃း၃၃-၃၇- Be watchful! Be alert!
Isiah 63:16 We are all the work of your hands
Ps. 80: Come to save us. 1 Cor. 1:3-9 As the Testimony of Christ.
Reflection by Rev. Fr. Cyril Poh Cho (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)

ဒီကနေ့အာဒ်ဝင်တူးကာလ ပထမ တနင်္ဂနွေနေ့ဖြစ်ပါတယ်။ရဟန္တာဖရန်စစ်ဇေးဗီးယာပွဲနေ့လည်းဖြစ်ပါတယ်။အာဒ်ဝင်တူးကာလတွင်ခရစ်တော်ကြွလာရန်ခြင်းကိုကြိုဆိုရန်အကောင်းဆုံးပြင်ဆင်ဖို့ လိုအပ်သည်။အာဒ်ဝင်တူး ၏စက်ဝိုင်းပန်းကုံး နှင့် ဖယောင်းတိုင်များကိုပြင်ဆင်ခြင်းသည်ခရစ္စမတ်ကိုကြိုဆိုသောလှပသော သင်္ကေတတစ်ခုဖြစ်သည်။ ၎င်းကိုစိတ်ဝင်စားစရာ အချက်၅ချက်ဝေမျှပေးလိုပါတယ်။ပထမအာဒ်ဝင်တူး၏စက်ဝိုင်းပန်းကုံးသည်ဥရောပတိုက်မှစတင်လုပ်ဆောင်သောရိုးရာယဥ်ကျေးမှုတစ်ခုဖြစ်သည်။သူတို့၏ နတ်ဘုရားပြန်လာပြီးအေးမြတ်လှသော ဆောင်းကာလအတွက်နွေးထွေးမှု နှင့် အလင်းပေးရန်ဖယောင်းတိုင်ကို ထွန်းညှိပြီးပူဇော်ခြင်းဖြစ်သည်။ဒုတိယစက်ဝိုင်းသည် အစမရှိ အဆုံးမရှိသင်္ကေတ ကို ပုံဖော်နေပြီးဘုရားသခင်သည် အနန္တ Eternity ဖြစ်သည်ကိုဖော်ဆောင်သည်။တတိယအစိမ်းရောင်ပန်းသစ်ရွက်သစ်ခက်သည်မျှော်လင့်ခြင်း နှင့်အသက်ကို ပုံဖော်သည်။ယခု အာဒ်ဝင်တူးကာလသည် ခရစ်တော်သခင်ကျွန်ုပ်တို့နှင့်အတူရှိသည်။ စပိန် နိုင်ငံမှ ၁၅၀၆ တွင် မွေးဖွားသော ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် ရည်မှန်းချက် အွန်ကြီးမား ၍ ချမ်းသာကြွယ်ဝသော မိသားစုဝင်တစ်ဦးဖြစ်သည်။ သူသည် ပြင်သစ်နိုင်ငံ တွင်တက္ကသိုတွင် တက်ရောက်စဥ် ရဟန္တာအီညာရှို နှင့်တွေ့၍သူ၏လောကီ ကြွယ်ဝမှုထင်ပေါ်ကျော်ကြားမှုကိုစွန့်လွတ်၍ စင်္ကြာဝဠာတစ်ခုလုံး၏ဘုရင်ကို အစေခံရန်ခရစ်တော်နောက်လိုက်ရန်စိတ်ဆုံးဖြတ်ခဲ့သည်။ ၁၅၃၇ ခုနှစ်တွင် ရဟန်းသိက္ခာခံယူ၍ ဂျေးဇွတ်(Jesuit) အသင်းဂိုဏ်းကိုတည်ထောင်သူတစ်ဦးပါဝင်ဖြစ်ခဲ့သည်။ ရဟန်းမင်းကြီးတတိယမြောက်လီယို၏ စေခိုင်းမှုနှင့်အိန္တိယနိုင်ငသို့ သာသနာပြုရန် စေလွတ်ခြင်းခံခဲ့ရသည်။ ထိုမျှမကမလေးရှား,အင်ဒိုနီးရှား နှင့်ဂျပန်နိုင်ငံသို့ သွားရောက်ပြီး ဧဝံဂေလိတရားဟောခဲ့သည်။ ကယ်တင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။ ကက်သလစ်ဘာသာဝင်ပေါင်းများစွာကိုလည်းဝင်ရောက်နိုင်ရန်ပြင်ဆင်ပေးခဲ့သည်။ နောက်ဆုံးတွင်တရုတ်နိုင်ငံသို့သာသနာပြုရန်စိတ်အားထက်သန်ခဲ့သည်။စန်ချွမ်ကျွမ်းတွင်ဖျားနာသောဝေဒနာဖြင့်ပျံလွန်ခဲ့သည်။သူ၏ဆန္ဒမှာ တရုတ်နိုင်ငံသားများခရစ်တော်သတင်းကောင်းသိရှိရန် ကက်သလစ်ဘာသာဝင် ဆန္ဒရှိသည်။ချစ်လှစွာသောသူအပေါင်းတို့ အားလုံးသည်ဘုရားသခင်စီမံသောအချိန်အတွင်းအသက်ရှင်နေထိုင်ရမည်။ ထို့ကြောင့်“ခရစ်တော်ဒုတိယအကြိမ်ကြွလာမည့်အချိန်နာရီကိုမသိသောကြောင့် သတိပြု၍ ဆုတောင်းလျက်စောင့်နေကြလော။”(ရှင်မာကု ၁၃း၃၃ )သတိဝိရိယ နှင့် ဆုတောင်းခြင်းဖြင့် စိတ်အားထက်သန်စွာစောင့်နေကြပါစို့။

Daily Reflection