Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-12-03 08:25:46

4.12.2023 – First Week of Advent, Monday
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်၊  အာဒ်ဝင်တူးကာလ ပထမပတ် တနင်္လာနေ့
Mt. 8: 5-11- ရှင်မာတေးဦး ၈း၅-၁၁(Lord I’m not worthy to receiving you.)
Reflection by Rev. Fr. Cyril Poh Cho (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)

အာဒ်ဝင်တူးကာလတွင် ဘုရားသခင်၏ငြိမ်ချမ်းခြင်း နှင့် ပြန်လည်ကြေအေးခြင်း အကြောင်းများကို ပြောကြားရန် ကောင်းမွန်သောအချိန်ကာလဖြစ်သည်။ ယခုခက်ခဲသောအချိန်ကာလ၌ လူတိုင်းလိုလားတမ်းတသည်မှာငြိမ်းချမ်းခြင်းနှင့်တရားမျှတခြင်းဖြစ်သည်။ ပေးနိုင်သူမှာခရစ်တော်ပင်ဖြစ်သည်ကို ကျွန်ုပ်တို့ယုံကြည်ကြပါသည်။ စိတ်အားထက်သန်စွာစောင့်မျှော်နေသောပရောဖက်များ၊ အီစရာအဲလ်လူမျိုးများ နှင့်ယုံကြည်သူများအားလုံးတောင်းတနေသောအချိန်ဖြစ်သည်။ငြိမ်းချမ်းခြင်းကိုလိုချင်လျှင် တရားမျှတခြင်းကိုလုပ်ဆောင်ပါဟု (ပုပ်ပေါလ် ၆)ကမြွက်ကြားခဲ့သည်။ပုပ်ရဟန်းမင်းကြီးသည် စာချွန်တော်ကို၁၉၇၂ ဇန္နဝါရီလ တွင်ထုတ်ပြန်ခဲ့သည်။ငြိမ်းချမ်းရေးသည်အရေးပါအခြေခံကျသောအရေးကြီးသော အခန်းတစ်ခုဖြစ်သည်။ ထို့အတူငြိမ်းချမ်းရေးသည်အများကောင်းကျိုးဖြစ်ပြီး ငြိမ်းချမ်းရေးရှိရန် အားလုံးလုပ်ဆောင်ရမည်။ စစ်မှန်သော ငြိမ်းချမ်းရေး ရရန်လွယ်ကူသောအရာ မဟုတ်ပေ။ ငြိမ်းချမ်းရေးသည် လူသားဆန်ပြီး လူသားပီသသောအရာ တစ်ခုဖြစ်သည်။ ဖြောင့်မတ်ခြင်းတရားသည်လည်း ငြိမ်သက်ခြင်းကိုပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်းအကျိုးမူကား ထာဝရငြိမ်သက်ခြင်းနှင့်လုံခြုံခြင်းတည်း။ ဟေရှာယ ၃၂း၁၇အာဒ်ဝင်တူးကာလသည် ကျွန်ုပ်တို့အားလုံး၏ ငြိမ်းချမ်းခြင်းအရှင်ကို မျှော်လင့်ရင်း စိတ်အားထက်သန်စွာဆုတောင်း၊ ကြိုးစားလုပ်ဆောင်ကြပါစို့။“သူတစ်ပါးချင်း ခိုက်ရန်ပြုခြင်းကိုငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏ သားသမီးများဟု ခေါ်ဝေါ်ခြင်းခံရကြလတံ့။” ရှင်မဿဲ ၅း၉

Daily Reflection