5.12.2023 – 1st Week of Advent Tuesday; St. Sabas
၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ (၅)ရက်၊ အာဒ်ဝင်တူးကာလ ပထမပတ် အင်္ဂါနေ့
Luke 10: 21-24 - ရှင်လုကာ ၁၀း၂၁-၂၄– Jesus rejoices in the Holy Spirit.
Reflection by Rev. Fr. Cyril Poh Cho (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ဘုရား၏ လူ့ဇာတိအဖြစ်ယူတော်မူခြင်းသည် နက်နည်းလှသော အရာတစ်ခု ဖြစ်ပါသည်။ဘုရားသခင်သည် ကောင်းကင်နိုင်ငံတော်မှလူ့ပြည်သို့လာသောကြောင့် လူသားများသည်လည်း ကောင်းကင်သို့သွားရန်အခွင့်ရှိခဲ့သည်။ ဘုရားလူ့ကဖြစ်ယူခြင်းသည်လူ့သမိုင်းတစ်ခု လုံးကိုပြောင်းလဲစေခဲ့သည်။ဘုရား၏ချစ်ခြင်းမေတ္တာကိုပေါ်လွင်၊သက်သေပြ ထင်ရှားစေခဲ့သည်။ လူသားတွေအချစ်သည်ရယူပိုင်ဆိုင်သော အချစ်ဖြစ်သည်။ ဘုရားချစ်သောအချစ်သည်ပေးဆပ်သောအချစ်ဖြစ်သည်။ ဘုရား၏အချစ်သည်အစအဆုံးမရှိ အကန့်အသန့်မရှိ အခြေအနေပေါ်မူတည်သောအချစ်မဟုတ်ပေ။ ဘုရား၏ဘုန်းတော်သည်အနန္တ၊နာမ်ဝိညာဥ်၊အရာအားလုံး၏ အစပထမအလင်းမှအလင်း၊အသက်မှအသက်ဖြစ်ပြီးလူသားတို့၏ စိတ်အာရုံဖြင့်အပြည့်အဝနားမလည်နိုင်ပေ။ ဘုရား၏ချစ်ခြင်းမေတ္တာကိုမျက်ဝါးထင်ထင်တွေ့မြင်နိုင်သောအရာတစ်ခုမှာ တစ်ပါးတည်းသောသားတော်ကိုလူသားများအတွက်ပေးဆပ်ခြင်းပင်ဖြစ်သည်။ပေးဆပ်ခြင်းထက်မြတ်သောအရာမရှိ။အဘယ်ကြောင့်ဆိုသော် အပြစ်သားဆိုးမိုက်သောသူ၊ ကျေးဇူးမသိတတ်သောသူတို့အတွက်သန့်ရှင်းမြင့်မြတ်သောဘုရားသည် ရက်စက်စွာအသက်စွန့်ပေးဆပ်နိုင်သောမေတ္တာတရား မြတ်သောမေတ္တာမရှိပါ။ကျွန်ုပ်တို့လူသား အချင်းချင်းကောင်းသောသူများအတွက် မိမိအသက်ကိုပေးရန်ဝန်မလေးသော်လည်းဆိုးသောသူအတွက်မိမိအသက်ပေးရန်မည်သူ့မျှရှိမည် မဟုတ်ပါ။ခရစ်တော်သာလလျှင်ပေးစွမ်းနိုင်ခြင်းသည်လူသားအားအတွက်ပြည့်ဝစုံလင်ခြင်းရရှိနိုင်ခဲ့သည်။ခရစ်တော်ကြေင့်လူသားအားလုံးကယ်တင်ခြင်းကျေးဇူးတော်ခံစား ရရှိခဲ့သည်။ ခရစ်တော်ဒုတိယ အကြိမ်ကြွလာခြင်းသည် လူသားအားလုံးသင့်တင့် မျှတသောချစ်ခင်ကြင်နာခြင်းအခြေအနေသို့ပြန်ရောက်ရှိမည်ဖြစ်သည်။ တောခွေးသည်သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည်ဆိတ်သငယ်နှင့်အတူအိပ်လိမ့်မည်။ နွားသငယ်၊ခြင်္သေ့သငယ်၊ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍၊လူသူငယ်သည်သူတို့ကို ပို့ဆောင်လိမ့်မည်။ နွားမနှင့်ဝံမသည် အတူကျက်စား၍၊ သူတို့သားငယ်များသည်အတူအိပ်ကြလိမ့်မည်။ခြင်္သေ့သည်လည်း နွားကဲ့သို့မြက်ကိုစားလိမ့်မည်။ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသော သူငယ်သည်လည်း၊ မြွေဟောက်တွင်းဝ၌မိမိလက်ကို သွင်းလိမ့်မည်။ ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌အချင်းချင်းညှဉ်းဆဲခြင်း၊ဖျက်ဆီးခြင်းကို မပြုရကြ။အကြောင်းမူကား၊ပင်လယ်ရေသည်မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည်ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။ဟေရှာယအနာဂတ္တိကျမ်း၁၁:၆-၉ညီအစ်ကိုမောင်နှမ အပေါင်းတို့ ကောင်းကင်နှင့် မြေကြီးပျောက်ကွယ်သွားသော်လည်း ဘုရား၏နှုတ်တော်ထွက်စကားသည် အစဥ်အမြဲတည်လိမ့်မည်။သန့်ရှင်းသောဘုရား၏နာမတော်သည် ကမ္ဘာအဆက်ဆက်ဘုန်းတော်ဂုဏ်တော်ရှိပါစေ။