6.12.2023 – 1st Week of Advent Wednesday;
၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ (၆)ရက်၊ အာဒ်ဝင်တူးကာလ ပထမပတ် ဗုဒ္ဓဟူးနေ့
Mt.15:29-37 - ရှင်မာတေးဦး ၁၅း၂၉-၃၇
Reflection by Rev. Fr. Cyril Poh Cho (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ထာဝရဘုရားသခင်သည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏။ ငါ ၌ မည်သည့်အရာမျှလိုလေသေးရှိမည်မဟုတ်။ကိုယ်တော်သည်ငါ့အားစိမ်းလန်းသောစားကျက်များ၌ နားစေတော်မူ၍ငြိမ်သက်သာယာသော မြစ်ချောင်းများ အနီးသို့ လမ်းပြခေါ်ဆောင်တော်မူ ၏။ဆာလံကျမ်း ၂၃:၁-၂ ထာဝရဘုရား၏ ကော်းမြတ်တော်မူခြင်းကို ဆာလံ ၂၃ သည် ဖော်ကျူးနေပါသည်။ကျွန်ုပ်တို့ လောကနေစဥ် ဘုရားကောင်းမြတ်တော်မူ ကြောင်းမည်သည့် အချိန်တွင် ကြွေးကြော်နိုင်မည်နည်း။သေချာသည်မှာအလုပ်အကိုင်အဆင်ပြေချိန်၊ကျန်းမာရေးကောင်းချိန်လူတိုင်းနှင့်အဆင်ပြေချိန်တွင်ချီးမွမ်းနိုင်မည်။သို့သော် အခက်ခဲဝေဒနာခံစားရချိန်တွင် ဘုရားကိုချီးမွမ်းရန်မလွယ်ကူပေ။ကျွန်ုပ်တို့ ချီးမွမ်းသည်၊မချီးမွမ်သည်ဖြစ်စေဘုရား၏ကောင်းမြတ်ခြင်းသည် လျှော့သွားမည်မဟုတ်။ကျွန်ုပ်တို့ ကာယနှင့်ဝိညာဥ်ပါ ဖြည့်စွက်ပေးနေမည်။ သင်တို့သည် ဆိုးသူနှင့် ကောင်းသူတို့အပေါ်၌ မိမိ၏ နေကိုထွက်စေတော်မူ၍ ဖြောင့်မတ်သူ၊မဖြောင့်မတ်သူတို့အပေါ်သို့ မိုးကိုရွာစေတော်မူသော၊ကောင်းကင်ဘုံ၌ရှိ တော်မူသည့်သင်တို့အဖ၏ သားသမီးများ ဖြစ်ကြလိမ့်မည်။ ရှင်မာသေဦး ၅:၄၅ ဘုရား၏ကောင်းမြတ်ခြင်းသည် အသက်ရှင်စဥ်မက သေဆုံးချိန်တွင်လည်း အမြဲရှိမည်ဖြစ်သည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်။ ထို့ မည်သူမဆို လူဆိုး၊ လူကောင်းကို ချစ်ခြင်းမေတ္တာဖြင့်ပြောဆိုဆက်ဆံရသည်။ချစ်ခြင်းမေတ္တာမရှိတော့လျှင်ဘုရား၏ဂုဏ်အင်္ဂါပျောက်သွားပြီးဘုရားကိုဆန့်ကျင်ရာရောက်မည်။အကျွန်ုပ်အသက်ရှင်သည့်နေ့ရက်များအားလုံး၌ကိုယ်တော်၏ကောင်းမြတ်ခြင်းနှင့်သနားကရုဏာတော်သည် အကျွန်ုပ်နှင့် အတူဧကန်မုချရှိပါလိမ့်မည်။အကျွန်ုပ်သည်လည်း ထာဝရဘုရားသခင်၏ အိမ်တော်၌ကာလအဆက်ဆက်နေရပါလိမ့်မည်။(ဆာလံကျမ်း ၂၃:၆)ကျွန်ုပ်တို့နှင့်ဘုရားသခင်ဆက်ဆံရေးကောင်းသည်ကိုဖော်ညွှန်းသည်။ဘဝ၏နေဝင်ချိန်တွင် အရေးကြီးသောအချက်တစ်ခုဖြစ်သည်။ကျွန်ုပ်တို့အသက်ရှင်စဥ်ခန္ဓာအတွက်အစာဖြည့်စွက်ပေးသလိုဝိညာဥ်အတွက်လိုအပ်ချက်လည်းဖြည့်စွက်ပေးနေရသည်။ညီအစ်ကိုမိတ်ဆွေများကိုချစ်ခြင်းမေတ္တာဖြင့်ပြုစုပေးသလိုအရေးကြီးဆုံးမှာဝိညာဥ်ရေး ကယ်တင်ခြင်းဖြစ်သည်။ ခရစ်တော်ပြသခဲ့သော ကယ်တင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ခြင်းဖြစ်သည်။ ကောင်းမြတ်သောဘုရားသည် ကျွန်ုပ်တို့ကိုမည်ကဲ့သို့ ဆက်ဆံသနည်း။အပေါ်ယံသာမဟုတ်။ခက်ခဲသောအချန်မှသာဆက်ဆံသလော။သို့မဟုတ်ဘုရားကို အချိန်တိုင်း နေရာတိုင်းဆက်ဆံ ပေါင်းစပ်နေသလော။ရှင်သည်ဖြစ်စေ။သေသည်ဖြစ်စေပေါင်းစပ်နိုင်မည်လော။ဘုရားအတွက်မည်သည့်အရာလုပ်ဆောင်ခဲ့သနည်း?လုပ်ဆောင်နေသနည်း?လုပ်ဆောင်မည်လော?