7.12.2023 – First Week of Advent, Thursday. St. Ambrose
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်၊ အာဒ်ဝင်တူးကာလ ပထမပတ် ကြာသပတေးနေ့
Mt.7: 21,24-27- ရှင်မာတေးဦး ၇း၂၁,၂၄-၂၇
Reflection by Rev. Fr. Pius (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ပါးစပ်ကဘုရားဘုရား၊ လက်ကကားယား ကားယားဟုဆိုတတ်ကြသည်။အကျင့်သီလပါရမီလိုအပ်ကြောင်းထိုကဲ့သို့ ထောက်ပြထားပါသည်။ ရှင်မာတေးဦး အခန်းကြီး ၇ တွင် သခင်ယေဇူးက သခင်သခင် ငါ့ကိုခေါ်သောသူတိုင်းကောင်းကင်နိုင်ငံသို့ဝင်ရလိမ့်မည်မဟုတ်ဟု ဟောကြားထားပါသည်။ ခရစ်တော်သခင် ကိုယုံကြည်ပြီးသူ့ရဲ့လမ်းစဥ်ကိုလိုက်ကျင့်မှသာလျှင်ခရစ်ယာန်ဖြစ်သည် ဟု ဆိုနိုင်ပေလိမ့်မည်။ ဆုတောင်းခြင်းက အရေးမကြီးဘူးလားဟု မေးလာခဲ့လျှင် ဆုတောင်းသည် အရေးပါသည် ဟု ဆိုကြပါလိမ့်မည်။ဆုတောင်းခြင်း၊ သမ္မာကျမ်းစာဖတ်ရှုခြင်း နှင့်ကမ္မာဠာန်းထိုင်ခြင်းသည်ပိုမိုပြည့်စုံလိမ့်မည်။ ကျွန်တော်တို့ အားလုံးဆုတောင်းခြင်း ဘာသာတရားကြည်ညိုခြင်း၊ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းဖြင့် စစ်မှန်သောခရစ်ယာန်ဘဝ အသက်တာကိုလျှောက်လှမ်းကြပါစို့။