8.12.2023 – Immaculate Conception of the Blessed Virgin Mary, Solemnity
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်၊ အပြစ်မဲ့သန္ဓေယူတော်မူသော ကညာစင် မယ်တော်မာရီယာသခင်မပွဲ
Gospel: Luke 1: 26-38- ရှင်လုကာ ၁း၂၆-၃၈
Reflection by Rev. Fr. Pius (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
မယ်တော်မာရိယာသည် သူမမိခင်ရဲ့ဝမ်းထဲမှာအပြစ်မဲ့သန္ဓေတည်ခြင်းအကြောင်းကို ၁၈၅၄ ခုနှစ်မှာစာချွန်တော်ထုတ်ပြန်ခဲ့ပါတယ်။မယ်တော်သခင်မရဲ့အပြစ်မဲ့သန္ဓေတည်ခြင်းဆိုတာခရစ်တော်ဘုရားရှင်ကိုလူအဖြစ်ဖွားမြင်ပေးမယ့် မိခင်မယ်တော်မာရိယာသည်မမွေးဖွားခင်ကတည်းကကြိုတင်ပြင်ဆင်ခြင်းခံရပြီး မိဘရင်းအပြစ်မှလွတ်ကင်းခြင်းကို ဆိုလိုသည်။အပြစ်ကျွန်ဘ၀ကနေလွတ်မြောက်ဖို့ကယ်တင်ရှင်ကို ကျွန်ုပ်တို့အတွက်မွေးဖွားသန့်စင်ပေးမဲ့မယ်တော်မာရိယာကိုပြင်ဆင်အပြစ်ကင်းစေခဲ့ပါတယ်။ မယ်တော်မာရိယာကိုအပြစ်မဲ့သန္ဓေယူတော်မူခြင်းပြင်ဆင်ခြင်းကျေးဇူးတော်ကိုပေးသနားတော်မူခဲ့ပါတယ်။ယခုကျွန်ုပ်တို့တွေ အာဒ်ဝင်တူကာလကိုရောက်ရှိလာပြီး ယေဇူးကိုလက်ခံကြိုဆိုနိုင်ဖို့ပြင်ဆင်တဲ့ကာလဖြစ်ပါတယ်။ကျွန်ုပ်တို့ဘ၀ကို ကျေးဇူးအပေါင်းနဲ့ပြည့်၀စေပြီး အပြစ်ရှောင်ရှားနိုင်ရန်ဆုတောင်းကြပါစို့။ ခရစ်တော်ဘုရားရှင်ကိုကျွန်ုပ်တို့ဘ၀ထဲမှာလက်ခံကြိုဆိုနိုင်ဖို့ကြိုးစားပြင်ဆင်ကြပါစို့။ကယ်တင်ခြင်းချမ်းသာပေးဖို့မယ်တော်သခင်မ ယူဆောင်လာသလိုပဲကောင်းသောအရာများမင်္ဂလာရှိသောအရာများကိုယူဆောင်လာပေးနိုင်သူများဖြစ်ရန်အကောင်းဆုံး ကြိုးစားကြပါစို့။အပြစ်မဲ့သန္ဓေယူတော်မူသောသခင်မကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ ။