Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-12-08 05:15:04

9 December 2023, Saturday of Advent 1st Weekday
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်၊ အာဒ်ဝင်တူး ပထမပတ် စနေနေ့
Gospel: Matthew 9: 35 - 10: 1, 5a, 6-8 ရှင်မာတေးဦး ၉း၃၅ခ-၁၀း၁,၅က,၆-၈
Reflection by Rev. Fr. Pius (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)

သခင်ယေဇူးသည်အားကိုးရာမဲ့၍ပူပန်သောကရောက်နေသောလူအစုအဝေးတို့ကိုမြင်တော်မူသောအခါသူတို့အားကရုဏာသက်တော်မူလေ၏။ဤကျမ်းချက်အတိုင်းသခင်ခရစ်တော်သည်ကျွန်ုပ်တို့နိုင်ငံသားများအပေါ်ကရုဏာသက်တော်မူမည်ဖြစ်သည်။ နိုင်ငံရေး၊စီးပွားရေး၊အခက်ခဲအခြေအနေများကြောင့်အိုးအိမ်ပစ်ကာထွက်ပြေးရသူများ၊စီးပွားရေးဒုက္ခရောက်သူများ၊အနာဂတ်ပျောက်ဆုံး သူများနှင့်မိမိချစ်ရသောသူများအသက်ရှုံးဆုံးခြင်း တို့ကိုတွေ့ရသည်။ကိုယ်တော်ရှင်သည်ပူပန်သောကရောက်ပြီးရိတ်သိမ်းစရာများစွာရှိ၏ လုပ်ဆောင်သောသူတို့မူကားနည်းပါး၏ဟုဆိုကာ သူ့ ၏တပည့်တော်၁၂ပါးကို စေလွှတ်တော်မူခဲ့ပါသည်။ လုပ်ဆောင်သောသူဆိုသည်မှာကျွန်ုပ်တို့အားလုံးကိုဆိုလိုပါသည်။သခင်ယေဇူးခေတ်ကာလ၌သီလရှင်ဘုန်းကြီးဟူ၍မရှိပါ။ကျွန်ုပ်တို့အားလုံးကို သခင်ယေဇူး ကစေလွှတ်ဖို့ရန်ဖိတ်ခေါနေပါသည်။ဖိတ်ခေါ်သံကိုနားထောင်၍ဒုက္ခရောက်သူများ၊စစ်ဘေးရှောင်ဒုက္ခသည်များကိုကူညီပေးကြပါစို့၊နှိမ့်သိမ့်ပေးကြပါစို့။အိုသခင်ကျွန်ုပ်တို့သည် နှစ်သိမ့်ခြင်းကိုရှာဖွေခြင်းထက်တစ်ပါးသူကိုနှစ်သိမ့်တတ်ရန်ကူညီတော်မူပါ၊ အာမင်။(စိန့်ဖရန်စစ်အစီစီ)

Daily Reflection