Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-12-09 08:55:52

10.12.2023 – 2nd  Week of Advent, Sunday
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်၊  အာဒ်ဝင်တူးကာလ ဒုတိယအပတ် တနင်္ဂနွေနေ့
Gospel: Mark 1: 1-8 (ရှင်မာကု ၁း၁-၈)
Reflection by Rev. Fr.Thang Ha(SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)

တစ်ခါတလေသမ္မာကျမ်းစာမှာ မကောင်းတဲ့သူတွေ၊ဆိုးမိုက်သူတွေကို ဥပမာပေးခိုင်းနှိုင်းပြီးဘုရားသခင်ရဲ့နောက်လိုက်ကောင်းဖြစ်ဖို့ သွန်သင်ပြသတယ်။ တခြားတဘက်မှာကောင်းမွန်မြင့်မြတ်တဲ့ သူတွေနဲ့ဘဝနဲ့ကယ်တင်ခြင်းလမ်းခရီးပြင်ဆင်ဖို့တိုက်တွန်းနှိုးဆော်ပေးပါတယ်။ဥပမာ အဆိုးတစ်ခုအနေနဲ့ ဆိုးမိုက်တဲ့အလုပ်သမားအကြောင်းနဲ့ အမှန်တရားလမ်းစဥ်ကိုလျှောက်လှမ်းကြဖို့တိုက် တွန်းအားပေးတဲ့ ရှင်မာတေဦးဧဝံဂေလိကျမ်းချက် (၂၁း၃၄-၄၆)ထဲမှာစပျစ်ခြံပိုင်ရှင်က အလုပ်သမားတွေငှားရမ်းထားပြီးသူရသင့်တဲ့ အဖိုးအခကိုပြန်တောင်းတဲ့အခါ အလုပ်သမားတွေရဲ့တော်လှန် ပုန်ကန် ပုံကိုဖော်ပြထားပါတယ်။ သူတို့ဟာစပျစ်ခြံပိုင်ရှင်ကို ကျေးဇူးကန်တဲ့အပြင်သူ့ရဲ့သားကိုပါသတ်ပစ်တဲ့အထိဆိုးမိုက် ခဲ့ကြပါတယ်။ တကယ်တော့အဲဒီပုံပမာမှာ စပျစ်ခြံပိုင်ရှင်ရဲ့သားက သခင်ယေဇူးကိုယ်တိုင်ပဲဖြစ်ပါတယ်။ လောဘစိတ်နဲ့အတ္တစိတ်တွေက အရမ်းကြောက်ဖို့ကောင်းပါတယ်။ ကျေးဇူးတရားတွေကိုမမြင်တော့ဘူး။ စပျစ်ခြံ ပိုင်ရှင်သူတို့ရဲ့သခင်ကို မျှော်လင့်ကြိုဆိုရမယ့်အစား သတ်ဖြတ်ပြီး စပျစ်ခြံကိုပါ အပိုင်သိမ်းဖို့ ကြိုးစား ခဲ့ကြတယ်။ အတ္တစိတ်က ကျွန်ုပ်တို့ရဲ့ မျက်ကန်လို ဖြစ်စေပါတယ်။ကောင်းမွန် မြင့်မြတ်တဲ့ ဘဝနဲ့ ကယ်တင်ခြင်း လမ်းခရီး ပြင်ဆင်ဖို့ တိုက်တွန်းတဲ့အထဲမှာ ရှင်မာကုဧဝံဂေလိကျမ်း (၁း၁-၈)ကနေ ရှင်ယောဟန်ဗတ္တစတားဖြစ်ပါတယ်။ အာဒ်ဝင်တူး ဒုတိယအပတ်မှာ ဖတ်ကြားတဲ့ဧဝံဂေလိကျမ်းမှာတော့ ယောဟန်ဗတ္တိစတားရဲ့ အရေးကြီးတဲ့ အခန်ကဏ္ဏကို ဖော်ပြထားပါတယ်။ သူဟာ ဘုရားသခင်ရဲ့ အသံကို ကိုယ်စားပြုတယ်။ နှိမ့်ချခြင်း၊ ရိုးရှင်းစွာ ကျင့်ကြံနေထိုင်ခြင်းနဲ့အတူ သခင်ယေဇူးအကြောင်းကိုပဲ သက်သေခံ ရှင်သန်ခဲ့ပါတယ်။ သူဟာ ပါရမီရှင်တစ်ပါးဖြစ်ပေမယ့် ဖန်ဆင်းရှင်သခင်တစ်ပါးမဖြစ်တာကိုသိတယ်။ ဒါကြောင့် တောကန္တာရမှာတရားကျင့်ကြံပြီးလူတွေအကျင့်တရားပြောင်းလဲခြင်းနဲ့အတူ ဘုရားသခင်ရဲ့ လမ်းတော်ကို ဖြောင့်စေကြဖို့ တရားဟောကြား ခဲ့တယ်။ သူ့ရဲ့ တရား ဒေသနာတော်ကို ယုံကြည်သူ တွေကို လည်း ဆေးကြောခြင်း ပေးခဲ့ပါတယ်။ ပြီးတော့ သူ့နောက်မှာ ကြွလာမယ့်သခင်ဟာ သူထက်ပိုတတ်စွမ်းနိုင်တာကြောင့်သူ့ရဲ့ ခြေနင်းတော်ကြိုးကိုတောင်ဖြေပေးဖို့ မထိုက်တန်းကြောင်းရှင်းပြခဲ့ပါတယ်။ ဒါကြောင့်ရှင်ယောဟန်ဗတ္တိစတား တိုက်တွန်းထားသလိုသခင်ယေဇူးကို ကြိုဆိုဖို့နေရာကိုကျွန်ုပ်တို့ရဲ့ စိတ်နှလုံးသားမှာ ပြင်ဆင်စောင့်ကြိုကြပါစို့

Daily Reflection