Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-12-10 07:55:38

11.12.2023 -2nd of Advent-Monday St. Damasus1
Gospel: Luke 5: 17-26 - ရှင်လုကာ ဧဝံဂေလိကျမ်းချက် (၅း၁၇-၂၆)
Reflection by Rev. Fr. Thang Ha (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)

ရှင်လုကာဧဝံဂေလိကျမ်းချက်(၅း၁၇-၂၆)ထဲမှာသခင်ယေဇူးကိုယုံကြည်ခြင်းနဲ့ မကျန်းမာတဲ့လူနာကိုသယ်ဆောင်လာကြတဲ့သူငယ်ချင်းလူစုကြောင့်လူနာဟာကုသခြင်းခံရတဲ့အကြောင်းနဲ့ထူးဆန် အံ့ဩဖွယ်အရာများကို မြင်တွေ့ရပြီးဘုရားသခင်ကို ချီးမွမ်းကြတဲ့လူထုအကြောင်း ဖတ်မှတ်ထောက်ရှုရပါတယ်။ လောကမှာဘုရားသခင်နဲ့နီးစေတဲ့ သူငယ်ချင်းတွေရှိသလိုဘုရားသခင်ဆီသွားဖို့ အဟန့်အတားဖြစ်စေတဲ့သူငယ်ချင်းတွေလည်းရှိတတ်ပါတယ်။သခင်ယဇူးကိုယုံကြည်ခြင်းနဲ့လေဖြတ်နေတဲ့လူတစ်ယောက်ကို အိပ်ယာပေါ်တင်ပြီးမရမကသခင်ယေဇူးဆီရောက်အောင်အိမ်ရောက်ကနေလျှောချခဲ့ကြတာကြောင့်ကုသခြင်းခံစားခဲ့ရတယ်။တကယ်တော့သူတို့ဟာ လမ်းမဖယ်ပေးချင်ကြတဲ့လူအုပ်ကြီးကိုဖြတ်ပြီးသယ်သွားခဲ့ကြတာပါ။ ဒါကြောင့်သင်နဲ့ကျွန်ုပ်ရော ဖျားနာနေသူနဲ့ ဆင်းရဲ ဒုက္ခကြုံနေရသူကိုသခင်ယေဇူးဆီ ပို့ပေးတဲ့သူငယ်ချင်းလား။ဒါမှမဟုတ်သူများအကောင်းလုပ်နေတာတောင်မှ အကောင်းမမြင်ဘဲ လူတွေကိုဘုရားနဲ့ဝေးအောင်တားဆီးနေတဲ့သူငယ်ချင်းလား ဆိုတာ မိမိကိုယ်ကို ဆန်းစစ်ပြီး ဘုရားသခင်ကို ယုံကြည်အားကိုးကာ ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော်တိုးပွားစေသူဖြစ်အောင်ကြိုးစားကြပါစို့။

Daily Reflection