12 December 2023, Tuesday of Advent 2nd Weekday
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်၊ အာဒ်ဝင်တူးပတ် အင်္ဂါနေ့
Gospel: Matthew 18: 12-14 ရှင်မာတေးဦး ၁၈း၁၂-၁၄
Reflection by Rev. Fr.Thang Ha (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ရှင်မာတေဦး(၁၈း၁၂-၁၄)ထဲမှာ သိုးအကောင်(၁၀၀)ရှိတဲ့အထဲကသိုးတစ်ကောင်လေးပျောက်သွားတာကို(၉၉) ကောင်လုံးထားခဲ့ပြီးပြန်လိုက် ရှာနေတဲ့သိုးထိန်းကောင်းရဲ့ ဥပမာကစိတ်ဝင်စားဖို့ ကောင်းပါတယ်။ နားလည် ဖို့လည်း ခက်တတ်ပါတယ်။ ဒီလိုပျောက်သောသိုး ပုံဥပမာထဲမှာကျွန်ုပ်တို့ လူသားအားလုံးကပျောက်နေတဲ့သိုးကလေးနဲ့တူပါတယ်။သိုးထိန်းဖြစ်တဲ့သခင်ယေဇူးကတော့ ပျောက်သွားတဲ့သိုးမဲလေး (သို့) ဝိညာဥ်တစ်ခုကိုမှအဆုံးရှုံးမခံနိုင်ဘဲကရုဏာနဲ့ပြန်လိုက် ရှာနေပါတယ်။တွေ့သွားတဲ့အခါမှာလည်းအတိုင်းမသိ ပီတိဖြားပြီးစိတ်နှလုံးကျေနပ်နှစ်သိမ့်နေတဲ့သိုးထိန်း ဘုရားသခင် ဖြစ်ပါတယ်။ဒါကြောင့်ကျွန်ုပ်တို့ ဘယ်နေရာ၊ဘယ်တစ်ခုက ဘုရားသခင်နဲ့ဝေးစေပြီးသိုးမဲလေးဖြစ်စေသလဲ။ထောက်ရှုပြင်တင်သခင့်ဆီပြန် ကြပါစို့။ပြီးတော့မိမိရဲ့မပြည့်စုံမှုကိုသတိနဲ့ ပြင်ဆင်ပြီးတော့ဝိညာဥ်ရေးအာဟာရချို့တဲ့ကာပျောက်နေကြတဲ့တခြားသိုးမဲတွေကိုလည်းကရုဏာတရားမင်ဇွဲလုံ့လဆင်ပြီး ပြန်ရှာခေါ်ယူရင်း သခင့်နိုင်ငံတော်ဆီ အတူတူလျှောက်လှမ်းကြပါစို့။