14 December 2023, Wednesday of Advent 2nd Thursday
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်၊ အာဒ်ဝင်တူးပတ် ကြာသပတေးနေ့
Gospel: Matthew 11: 11-15 ရှင်မာတေဦး ၁၁း ၁၁ - ၁၅
Reflection by Rev. Fr. Pius (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ယောဟန်ကိုပရောဖက်များအားလုံးတွင်ကြီးမြတ်ဆုံးသောသူတစ်ယောက်ဟုသခင်ခရစ်တော်မှချီးမွမ်းတော်မူသည်။ယောဟန်ထက်ကြီးမြတ်သောပုဂိုလ်ကြွလာခြင်းကိုလဲဟောကြားခဲ့ပါသည်။ဤကျမ်းချက်မှစိတ်ဝင်စားဖွယ်စကားလုံးမှာကြီးမြတ်သောသူဖြစ်သည်။မည်သို့သောလူမျိုးကိုဆိုလိုပါသနည်း။ကြီးမြတ်သောသူဖော်ကျုးခံရသည့်ယောဟန်၏ဘဝအကြောင်းကိုြကည့်ကြပါစို့။သူသည်တောထဲဂျော်ဒန်မြစ်နားတွင်တစ်ဦးသည်နေထိုင်သူ ကျိုင်းကောင်နှင့် ပျားရည်ဖြင့်အသက်ရှင်သူဖြစ်သည်။ပကာသနတွေမရှိပါ ရိုးစင်းလွန်းပါသည်။ တရားလမ်းပြသူဖြစ်သည် အမှန်တရားကို ပြောဆိုသောကြောင့် ခေါင်းဖြတ်သတ်ဖြတ်ခြင်း ခံရသည်။ခြင်းမလှပါသို့သော်မြတ်ပါသည်။သူ့ထက်ကြီးမြတ်သောသူဖြစ်သည့်ခရစ်တော်၏ဘဝလဲ၎င်းနီးတူဖြစ်သည်။ရိုးစင်းသောသူ၊အမှန်တရားမြတ်နိုးသူ၊နှလုံးရည်ရဲစွမ်းသတ္တိရှိသူ၊နှိမ့်ချသောသူ၊အများအကျိူးဆောင်ရွက်သောသူ၊ဘုရားတရား၌မွေ့လျော်သူ၊တို့ကိုကြီးမြတ်သောသူဟုကောက်ချက်ချရမည်ဖြစ်သည်။ကျွန်တော်တို့ဘဝ ၌ကြီးမြတ်သောသူများကိုတွေ့ကြုံခဲ့ဘူးပါသလား……