15 December 2023, 2nd Week of Advent, Friday
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်၊ အာဒ်ဝင်တူးပတ် သောကြာနေ့
Gospel: Matthew 11: 16-19 -ရှင်မာတေဦး ၁၁း၁၆-၁၉
Reflection by Rev. Fr. Pius (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
နားထောင်ကြရန်ကျမ်းချက်ထဲမှာမိန့်ဆိုထားပါသည်။သခင်ခရစ်တော်မှ၎င်းနားမထောင်သည့်အကြောင်းကိုသတိပေးလမ်းပြတော်မူခဲ့ပါသည်။နားထောင်တတ်အောင်အထူးသဖြင့်နှလုံးသာဖြင့်နားထောင်နိုင်အောင် ကြိုးစားကြပါစို့။ ဆင်းရဲသားများ၏ငိုကြွေးသံကို နားထောင်မိပါသလား၊လူမမယ်ဒုက္ခသယ်ကလေးများ၏ဆာလောင်မွတ်သိပ်သည့်အသံကိုသတိထားမိပါသလား၊မိမိမိတ်ဆွေသူငယ်ချင်းများကပေးသောအကြံဉာဏ်ကောင်းများကိုကရုစိုက်မိပါသလားနှလုံးသားဖြင့်နားထောင်တတ်ရန်အင်မတန် အရေးကြီးပါသည်။ဘုရားသခင်သည်ကျွန်ုပ်တို့မထင်မှတ်ထားသည့် အခြေနေများမှကျွန်ုပ်တို့ကိုလမ်းညွှန်းပေးလေ့ရှိသည်။စောလမုန်မင်းကြီးမှာလဲနားထောင်တတ်သောနှလုံးသားကိုဘုရားသခင်ထံမှတောင်းဆိုခဲ့ပါသည်၊နားထောင်တတ်သောနှလုံးသားမှဉာဏ်ပညာများဖြစ်ပေါ်လာစေသည်။ဘုရားရဲ့အသံတော်ကိုကြားသိနိုင်ပါသည်။(၃ ဓမ္မရာဇဝင် ၃း၉)