16 December 2023, 2nd Week of Advent, Saturday
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်၊ အာဒ်ဝင်တူးပတ် စနေနေ့
Gospel: Matthew 17: 9-13 -ရှင်မာတေဦး ၁၁း၁၆-၁၉
Reflection by Rev. Fr.Cyril Pho Cho (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ပထမကျမ်းနှင့်ရှင်မာတေဦးကျမ်းတွင် ပရောဖက်ဧလိယအကြောင်းပြောထားသည်။ခရစ်တော်မပေါ် မီ နှစ်ပါင်း ၉၀၀လောက်တွင်ရှင်သန်ခဲ့သည်။သူလုပ်ခဲ့သောတန်ခိုးလက္ခဏာမှာ သေသူကို ရှင်ပြန်စေခြင်း၊ကောင်းကင်မှမီးကိုရွာစေခြင်းများပြုလုပ်ခဲ့သည်။ဧလိယအကြောင်းကို ဂျူး၊ခရစ်ယာန်၊မူစလင်များကျမ်းတွင်တွေ့နိုင်သည်။ ထိုခေတ်တွင်တန်ခီုးကြီးသောပရောဖက်ဧလိယကို လူတွေတန်ဖိုးမထားပေ။ပရောဖက်ထက်ကြီးမြတ်သောခရစ်တော်ပေါ်ထွန်းသောအခါလည်းဘုရားတစ်ဆူလိုအသိမှတ်မပြုညင်းပယ်ကြသည်၊ဘုရားကိုအပြစ်ပြောကြသည်။ကားတိုင်တင်အသေသတ်ကြသည်။ ထိုအဖြစ်အပျက်သည်အရင်ခေတ်ကဖြစ်ခဲ့သလိုယခုလည်းဖြစ်နေသည်၊တချို့ကဘုရားအတွက်၊လူတွေအတွက်ပေးကမ်းလှူဒါန်းကြသည်။ တချို့ကမရက်ရောကြပေ။ကျွန်ုပ်တို့လည်း ခရစ် တော်လိုအတုယူကြပါစို့။ထိုအခါ ဘုရင်ကသင်တို့အား ငါအမှန်ဆိုသည်ကား အသိမ်ငယ်ဆုံးသောဤငါ၏ ညီအစ်ကိုတို့တွင် တစ်ဦးကိုသင်တို့ပြုစုခဲ့ကြလျှင်ငါ့ကိုပင်ပြုစုကြပြီဟုသူတို့အားပြန်ပြောတော်မူလိမ့်မည်။(ရှင်မာသေဦး ၂၅:၄၀)အပယ်ခံသူများ၊ဆင်းရဲသားများ၊ဒုက္ခရောက်သူများ၊သိမ်ငယ်သူများကိုပြုစုစောင့်ရှောက်ကာခရစ်တော်ကိုသက်သေခံကြပါစို့။