17 December 2023, Third Sunday of Advent (O Sapientia)
First: Isaiah 61: 1-2a, 10-11
Psalm: Luke 1: 46-48, 49-50, 53-54
Second: First Thessalonians 5: 16-24
Gospel: John 1: 6-8, 19-28 -ရှင်ယောဟန် ၁း၆-၈,၁၉-၂၈
Reflection by Rev. Fr. Cyril Pho Cho (SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ထောက်ရှုချက်မှာ JOY ဝမ်းမြောက်ပျော်ရွှင်ခြင်းအကြောင်းပဲဖြစ်။ပျော်ရွှင်ခြင်းသည်နက်ရှိုင်းသောယုံကြည်ခြင်းမှစစ်မှန်သောပျော်ရွှင်မှုဖြစ်ပါသည်။တတိယပတ်သည်အလယ်ဖြစ်သလို နောက်ဆုံးအပတ်လည်းဖြစ်၍ဖယောင်းတိုင်ကိုသိုးထိုးများဖယောင်းတိုင်လည်းခေါ်သည်။ခရစ်တော်ကြွလာဖို့ပျော်ရွှင်မှုပေးသလိုကယ်တင်ရှင်ကိုလက်ဆောင်ပေးကြသည်။ ပန်းရောင်သည်ရှေ့ခေတ်က ဘုန်းကြီးများသင်္ကန်းဝတ်ဆင်ကာ သူငယ်တော်ယေဇူးကိုကြိုဆိုရန်အတွက်သုံးထားပြီး ခရမ်းရောင်မီးဆက်ထွန်းထားသည်မှာခရစ်တော်ဘုရင်ဖြစ်ကြောင်းဖော်ပြသည်။ ဖယောင်းတိုင်အလင်း သည်အမှောင်ဆုံးအချိန်တွင်သိုးထိန်းများကို ကောင်းကင်တမန်တို့သည် ခရစ်တော်မွေးဖွားခြင်းသတင်းကောင်းအလင်းကိုယူဆောင်လာပေးသောအချိန်လည်းဖြစ်သည်။Happyဆိုတဲ့ပျော်ရွှင်မှုထက် Joy သည်မိမိရရှိသောလက်ဆောင်အတွက်ဝမ်းမြောက်ခြင်းထက်ပိုလေးနက်သည်။ လောကပေးသောပျော်ရွှင်မှုသည်ခဏတာပင်ဖြစ်သည်။ ခရစ်တော်ကိုမိမိတို့၏ဘဝ၌ရှိသော ဝမ်းမြောက်ပျော်ရွှင်ခြင်းသာမြဲမည်။သိုးထိန်းတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် သူငယ်တော်ကိုဖူးရန်ဂျေရူးစလင်မြို့သို့သွားရောက်ပျော်ရွှင်ခဲ့ကြသည်။ထိုနည်းတူသင်တို့သည်လည်းယခုအခါဝမ်းနည်းလျက် ရှိကြ၏။ သို့သော် ငါသည်သင်တို့ နှင့်တစ်ဖန်ပြန်တွေ့သောအခါ သင်တို့၏ စိတ်နှလုံးများသည်ဝမ်းမြောက်ကြလိမ့်မည်။ထိုအခါမည်သူကမျှသင်တို့၏ဝမ်းမြောက်ခြင်းကိုသင်တို့ထံမှယူသွားလိမ့်မည်မဟုတ်။ရှင်ယောဟန် ၁၆:၂၂ကျွန်ုပ်တို့သည်လည်းခရစ်တော်သခင်၏ပျော်ရွှင်ဝမ်းမြောက်ခြင်းခံစားရရှိကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်။