Holy family feast. သန့်ရှင်းသော အိမ်ထောင်စုပွဲ
Reflection by Rev. Fr. Cyril Pho Cho(SJ)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
Lk. 2:22-40 – ရှင်လုကာ ၂း၂၂-၄၀ Presentation of the Lord
နာဇရက်မြို့မှ သခင်ယေဇူး၏အိမ်သည်သူ၏ကျောင်းပင်ဖြစ်သည်။ ခရစ်တော်၏ဘဝသက်တော်စဉ်ကိုလေ့လာရမည်ဖြစ်သည်။သတင်းကောင်းတရား၏ကျောင်းလည်းဖြစ်သည်။ခရစ်တော်ပြသသည်မှာ အလွန်နှိမ့်ချသည်။ဘုရားမေတ္တာကြီးမားကြောင်းပြသည်။ စိတ်နှလုံးနူးညံ့ သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည်မြေကိုအမွေခံကြရလိမ့်မည်။ရှင်မာသေဦး ၅:၅အတွင်းစိတ်ကောင်းထားရှိရန်သွန်သင်ပေးသည်။စိတ်ကိုဖူစင်စွာထားရန်သင်တို့ အစာရှောင်နေသည်ကိုလူတို့မြင်စေရန် မဟုတ်ဘဲမျက်စိနှင့်မမြင်နိုင်သောသင်တို့၏ အဖမြင်စေရန်ဖြစ်၏။ ဆိတ်ကွယ်ရာ၌ပြုမူသောအရာတို့ကိုမြင်တော်မူသောသင်တို့၏အဖသည်သင်တို့အား ဆုကျေးဇူးပေးသနားတော်မူလိမ့်မည်။ရှင်မာသေဦး ၆:၁၈နာဇရက်မြို့သင်ပေးသောအရာမှာ မိသားစုဘဝဖြစ်သည်။မိသားစုသည်ချစ်ခြင်းမေတ္တာတည်သောနေရာဖြစ်သည်။လူမှုဘဝသည် မိသားစုမှာအရေးကြီးသည်။အခြေခံအုတ်မြစ်ဖြစ်သည်။နိုင်ငံသည်လည်း မိသားစုများမှဖွဲ့စည်းထားသည်။စံပြ သန့်ရှင်းသောအိမ်ထောင်စုကိုအတုယူကြပါစို့။