1.1.2024 - Solemnity of Mary, Mother of God. ဘုရား၏မယ်တော် မာရီယား ပွဲနေ့
Luke 2:16-21 - ရှင်လုကာ ၂း၁၆-၂၁
Reflection by Rev. Fr. Basilio Soe Lin Aung, Taungngu
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ယနေ့သမာကျမ်းစာ၏ ရပ်တည်ချက် မာရီယားဘုရား၏မယ်တော်အမှန်စင်စစ်ဖြစ်ကြောင်းမယ်တော်မာရီယားသည်ဘုရား၏မယ်တော်အမှန်စင်စစ်ဖြစ်သည်အကြောင်း1.ကမ္ဘာဦးအစကတည်းက အပြစ်လောက၏အပြင်ဘက်မှဘုရား၏မယ်တော်ဖြစ်ဘို့ အထူးတလည်ရွေးချယ်ခြင်းခံထားရသောသူ2.အပြစ်ရင်းမပါဘဲမွေးဖွားလာသောသူ3.မယ်တော်သည်ဘုရားသခင်၏သားတော်ယေဇူးခရစ်တော်သခင်ကို မိမိ၏ဝမ်းတော်သိုက်၌ ၉လလွယ်၁၀လ ဖွားပေးရသောသူ4.နာဇရက်မြို့၌အဖသံဇူဇယ်နှင့်အတူနှစ်ပေါင်း၃၀ အတွင်းဘုရားသားတော်ကိုပြုစုစောင့်ရှောက်ရသောသူ။5.စစ်မှန် သောမိခင်တစ်ဦး၏ ရဲစွမ်းသတ္တိအပြည့်ဖြင့်သားတော်နှင့်အတူကားတိုင်လမ်းကိုလျှောက်ကာ နောက်ဆုံးသားတော်၏အလောင်းတော်ကို ရင်ဝယ်ပိုက်ထွေးရသည်တိုင်အောင်သားတော်နှင့်အတူ လူသားတို့၏အပြစ်ကြွေးအတွက် ဆပ်ဖြေဖေးကူပေးသောသူ။6.နောက်ဆုံးခန္ဓာရောဝိညာဉ်ပါ ကောင်းကင်ရွှေနိုင်ငံတော်သို့ပင့်ဆောင်ချီးမြှောက်ခြင်းခံရ သောသူဖြစ်ပါသောကြောင့်မာရီယားသည် ဘုရား:၏မယ်တော်အစစ်အမှန်ဖြစ်ကြောင်းကက်သလစ်သာသနာတော်ကြီးကရဲဝန့်စွာ သက်သေခံလျက်ရှိကြောင်းအားလုံးကို သိစေလိုပါသည်။မိခင်စိတ်ထားပြည့်ဝလျက်ရှိသော မယ်တော်၏ ကူညီစောင်မခြင်းသည် ယုံကြည်သူ မယုံကြည်သူများ အားလုံးအပေါ်သက်ရောက်ပါစေသော်။ အာမင်။