Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-04-01 21:28:20
#ဧပြီလ (၂)ရက်နေ့ / သောကြာနေ့ကြီး ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၁၈း ၁-၉)
#Sister Dominic Ah Paing (Sdp)
Posted by M Sulatthtwe
 
ခရစ်တော်ဘုရား၏ ကယ်တင်ခြင်းသမိုင်းစဉ်သည် ဤသောကြာနေ့ကြီးတွင် နိဂုံးရောက် လုပြီဖြစ်သည်။ ခမည်းတော်ဘုရားကို နာခံခြင်းနှင့် လူသားများကို ချစ်ခြင်းကား အဆုံးထိဖြစ်သည်။ ကေဒြုန်ချောင်းတဘက်ရှိ ဥယျာဉ်တွင် တပည့်တော်ကြီးများနှင့်အတူ သခင်ရှိနေကြောင်း ယုဒရှကာရုတ်သိသောကြောင့် လက်နက်ကိုင်ဆောင်သော စစ်သူရဲတစ်တပ်၊ ယဇ်ပရောဟိတ် အကြီးအကဲများနှင့် ဖါရီရှဲများစေလွတ်သော မင်းလုလင်များကိုခေါ်၍ ခရစ်တော်ရှိသောနေရာကို လမ်းပြပေးသည်။
 
အံ့သြစရာကောင်းသည်မှာ ထိုစစ်သူရဲအဖွဲ့ထဲတွင် ယုဒရှကာရုတ်ကလွဲပြီး ခရစ်တော်ဘုရားကို မြင်ဖူးသူတစ်ယောက်မျှမပါ။ ခရစ်တော်က မီးတုတ်၊ လက်နက်စွဲကိုင်သော လူအုပ်ထံသွားပြီး (မည်သူ့ကိုရှာသနည်း)ဟု မေးသော် သူတို့က (နာဇရက်မြို့သား ယေဇူးကိုရှာသည်) ဟုဖြေကြ၏။ (ငါသည်ထိုသူဖြစ်၏) ဟု ခရစ်တော်မိန့်တော်မူသည်နှင့် တပြိုင်ထဲ စစ်သူရဲတို့သည် နောက်သို့လှန်၍ လဲကျကုန်သည်။ ခရစ်တော် ၂ကြိမ်မေးသည်၊ စစ်သူရဲများ ၂ကြိမ်လဲကျသည်။
 
ငါ့ကိုရှာလျှင် ဤသူတို့သည် လွတ်ပါစေဟု သူ့တပည့်တော်များ အသက်ချမ်းသာရရန်အတွက် တောင်းပန်ပေးသည်။ အမိကက်သလစ်အသင်းတော်တွင် ရှိကြသော ယုံကြည်သူများသာလျှင် ခရစ်တော်၏ ကားတိုင်ခရီး ထောက်ရှုခြင်း၊ အသားရှောင်၊ ဝါရှောင်ခြင်းကို စောင့်ထိန်းကြသည်။ ခရစ်တော်ကို ချစ်သောအားဖြင့် သေးငယ်သော အမှုများကို ကြီးသောချစ်ခြင်းဖြင့် ဆက်လက်လုပ်ဆောင်ကြရင်း သာသနာတော်ကြီး အဓွန့်ရှည်တည်မြဲရန် လက်ရှိယုံကြည်သူ ကျွန်ုပ်တို့အားလုံးအပေါ် တာဝန်ရှိသည်ကို အမြဲသတိယကြပါစို့။
 
#Sister Dominic Ah Paing (Sdp)

 

 
 
 
Daily Reflection