Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-01-01 00:56:43

2.1.2024 - Basil the Great and Gregory Nazianzen, Bishops, Doctors Obligatory Memorial
Gospel: John 1: 19-28 ရှင်ယောဟန် ၁း၁၉-၂၈
Reflection by Rev. Fr. Basilio Soe Lin Aung, Taungngu
Posted by Sr. Benedetta Myat Hnin Nwe (ISR)

ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်,သံယောဟန်အကြောင်း သိကောင်းစရာ-၁။သံယောဟန်၏အနက်ကား(graced by God)"ဘုရားသခင်အားဖြင့်ချီးမြှင့်ခံရသည်"ဘုရားသခင်သခင်ချီးမြှင့်တော်မမူလျှင်ငါတို့သည်မည်သည့်ကျေးဇူးတော်ကိုမျှခံစားရရှိနိုင်မည်မဟုတ်ဟု ကျွန်ုပ်ဆိုလျင်လူတိုင်းလက်ခံနိုင်ဘွယ်မရှိ။အဘယ်ကြောင့်ဆိုသော် လူတိုင်းသည်အမှန်တရားကို လက်ခံနိုင်သောအစွမ်း မရှိသောကြောင့်တည်း။၂။ ကျမ်းစာအရ ယောဟန်ဆိုသည်မှာ'အသံ'ဖြစ်ပါသည်ဟူ၏။ ခရစ်တော်သည် နှုတ်ကပါတ်တော်ဖြစ်၍ ယောဟန်တည်းဟူသောအသံနှင့်ပေါင်းစပ်သောအခါ"နှုတ်တော်ထွက်စကား"ဟူ၍ထင်ရှားလာလေသည်။အသံမပါလျင်ကျမ်းစာတော်မြတ်သည်စာသားအဖြစ်၌သာတည်ရှိနေမည်မဟုတ်ပါလား။၃။ယောဟန်ဟူသည် ဘုရား၏သိုးငယ်တော်ကိုညွှန်ပြသောအသံဖြစ်သည်။၄။ယောဟန်ဟူသည် နောင်တတရားအကြောင်းကိုပြောပြသောအသံဖြစ်သည်။၅။ယောဟူသည် ဆေးကြောခြင်းဖြင့်ဘဝပြောင်းလဲခြင်းအကြောင်းကို ညွှန်ပြသောအသံလည်းဖြစ်ပါသည်။မိတ်ဆွေ သင့်အသံကြောင့်လူအပေါင်းတို့သည် ဘုရား၊တရားကိုသိမြင်လာနိုင်ကြပါစေ။သင့်အသံသည်လူအပေါင်းတို့အား မကောင်းသောလမ်းစဉ်များကိုပယ်ဖျက်၍ဘဝ၏ပြောင်းလဲခြင်းဖြစ်သောအေးချမ်းသာယာသောလူ့ဘောင်အသစ်ကိုတည်ဆောက်နိုင်စေမည့်ယောဟန်တစ်ယောက်ပေါ်ထွန်းလာပေလိမ့်မည်မဟုတ်ပါလား။

Daily Reflection