3.1.2024 – Wednesday Christmas Weekday/ Holy Name of Jesus
John 1:29-34 - ရှင်ယောဟန် ၁း၂၉-၃၄
Reflection by Rev. Msgr. Basilio Soe Lin Aung, Taungngu
Posted by Sr. Benedetta Myat Hnin Nwe (ISR)
လောက အပြစ်ကိုချွတ်တော်မူသောဘုရား၏ သိုးငယ်တော်/အပြစ်ဆိုသည်ကား အကျဉ်းချုံးဆိုရလျင်သက်ရှိသက်မဲ့အရာသတ္တဝါ တို့အား ထိခိုက်နစ်နာစေသောအရာဟူသမျှကိုဆိုလိုပါသည်။ယျေဘုယအားဖြင့် ထိခိုက်နစ်နာမှုအမျိုးအစား ၂မျိုးရှီ၏။1.သဘာဝအားဖြင့်ဖြစ်ပေါ်လာသောထိခိုက်နစ်နာမှု2.လူသားအားဖြင့်ဖြစ်ပေါ်သော ထိခိုက်နစ်နာ တို့ပင်ဖြစ်၏။အပြစ်ပြုခြင်းတည်းဟူသောအကြောင်းဆိုးတွေကြောင့်ထိခိုက်နစ်နာမှုဟူသောအကျိုးဆိုးများဖြစ်ပေါ်လာရလေသည်။ သဘာဝပြစ်မှုအကြောင်းတရားများဖြစ်သော လေမုန်တိုင်းတိုက်ခတ်ခြင်း၊ရေကြီးရေလျှံဖြစ်ခြင်း၊တောမီး လောင်ခြင်း၊ မြေငလျှင်လှုပ်ခြင်း စသည်တို့ကြောင့် တောတောင်ရေမြေမက လူ၊သတ္တဝါ အသက်ပေါင်းများစွာပျက်စီးခဲ့ရပြီ။ လောဘ၊ဒေါသ၊မောဟ၊အတ္တ၊မာန်မာနတည်းဟူသော လူ့အခြေပြုမကောင်းသောအကြောင်းတရားတွေကြောင့်အလွန်ဆိုးယွားသော မကောင်းကျိုးများဖြစ်သော လေထု၊မြေထု၊ရေထုပျက်စီးခြင်းများ၊မြေပေါ်မြေအောက် ရေပေါ်ရေအောက် ပျက်စီးဆုံးရှုံးမှုများ၊သဘာဝတောတောင်ရေမြေပျက်စီးဆုံရှုံးမှုများ၊သက်ရှိသက်မဲ့ အရာသတ္တဝါများနှင့်လူသားအလွှာပေါင်းများစွာတို့၏ အသက် ဆုံးရှုံးမှုများ အားလုံးအတွက် မည်သူဆပ်ဖြေပေးနိုင်မည်နည်း။ ဘုရား၏သိုးငယ်တော်ဖြစ်တော်မူသော ခရစ်တော်သခင်သည်ထိုအပြစ်ကြွေးများကို အသက်ပေးအသွေးသွန်းခြင်းအားဖြင့်ဖလှယ်ပေးဆပ်ပေးရန်ဤ လောကသို့ဆင်းကြွလာခဲ့ပြီမဟုတ်ပါလော။ထို့ကြောင့်လောကအပြစ်ကို ချွတ်တော်မူသောဘုရား၏သိုးငယ်တော်ဟု ယောဟန်ဆိုခြင်းသည်အဘယ်သို့မျှ မှားယွင်းနိုင်မည်မဟုတ်ပါကြောင်းအစီရင်ခံအပ်ပါသည်။ လောကအပြစ်ကိုချွတ်တော်မူသော ဘုရား၏ကယ်တင်ခြင်းအကျိုးတရားခံစားရကာ မိတ်ဆွေအပေါင်းဘေးရန်သောင်းသောင်းမှအစဉ်ကင်းဝေးကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါသည်။အာမင်။